လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကနိကျေးရွာအုပ်စု၊အညွန်ကျေးရွာ၌ (၆-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် (သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း) တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၅၀၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်း (၆၀၅၀၀/-) ကျပ်အားလည်ကောင်း၊ ကွန်ဒိုင်းကျေးရွာအုပ်စု၊ ကွန်ဒိုင်းကျေးရွာ၌ (၆-၈-၂၀၁၉)ရက်နေ့ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ခြင်းအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု(၁)စုစာ၊ လူဦးရေ(၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်စုစုပေါင်း (၁၀၈၄၀၀/-)ကျပ်တို့ကို(၇-၈-၂၀၁၉)ရက်နေ့ (၉:၃၀)အချိန်တွင်  ဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက်သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီမှူးရုံး (ဘစမ)

#ha_sgw

#ayy_aug 2019

Sign Up

Upcoming Events