Category Archives: News
-
ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက် နေ့တွင် တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာမှ တနင်္သာရီမြစ်ရေမြင့်တက်နေချိန် ရေထဲပြုတ်ကျသေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကျပ်အား (၁၄-၈-၂၀၁၉)ရက်နေ့ (၁၁း၃၀)အချိန်တွင် သေဆုံးသူ၏ မိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug 2019
-
ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၉) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ နောင်ပုလဲ ကျေးရွာအုပ်စု၊ (၄) မိုင် ရပ်ခူကျေးရွာမှ ရပ်ရွာပြည်သူ (၉၀) ဦးအား ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar_fld #kyh_aug2019
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့နှင့် (၁၁-၈-၂၀၁၉)ရက်နေ့များတွင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စု၊ ကျေးရွာ(၁၀)ရွာ၌ မိုးထန်စွာရွာသွန်း၍ မြေပြိုကျမှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၂၂) လုံး နှင့် ရေမျောပျက်စီးနေအိမ်(၂)လုံး၊ စုစုပေါင်း(၂၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂၄)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၆၀၀၀၀၀/-)ကျပ်၊ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ စုစုပေါင်း(၁၄၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၉၄၀၀၀/-)ကျပ်ကို လည်းကောင်း၊ ပရည်ကျွန်းကျေးရွာ မြေပြိုဘေးမှကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့နေထိုင်သူဦးရေ(၅၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၇၁၀၀/-)ကျပ်ကိုလည်းကောင်း၊ စလွန်အော်ကြီးကျေးရွာမှ မြေပိ သေဆုံးသူအမျိုးသမီး(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ ပန်းဇင်ကျေးရွာမှ မြေပိ၍ … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်ခေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ ဝက်အစ်ကုန်းကျေးရွာ၌ (၁၀-၈-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန်နေအိမ်(၁) လုံးမှ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်၊ ကြူဝက်ကျေးရွာအုပ်စု၊ လယ်သာကျေးရွာ၌ အမိုးလန်နေအိမ် (၁) လုံးမှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်တို့အား (၁၅-၈-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: … Read more
-
ရေဘေးနှင့် မုန်တိုင်းဘေး မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၉) ရက်နေ့တွင် သရက်မြို့၊ ဗိုလ်ချုပ်ပန်းခြံရှေ့နှင့် အကျဉ်း ဦးစီးဌာနလမ်းထောင့်တို့၌ ပြည်သူများ သဘာဝဘေးအသိပညာများရရှိကြစေရန် ရည်ရွယ်၍ ရေဘေးနှင့် မုန်တိုင်း ဘေး မြေစိုက်ပိုစတာဆိုင်းဘုတ် (၂) ခုအား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_aug2019
-
ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ညောင်ပင်ကျေးရွာ၌် (၁၄-၈-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀/-) ကျပ်တို့အား (၁၅-၈-၂၀၁၉) ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။
ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ အကြံပြုချက် သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါတယ်။
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုအတွင်းရှိကျေးရွာ(၅)ရွာမှ ရေကြီးရေလျှံမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၉၈)စုမှ လူဦးရေ (၇၉၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၇၁၆၀၀/-)ကျပ်အား(၁၂-၈-၂၀၁၉)ရက်နေ့ ညနေ(၅း၃၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးနှင့်အဖွဲ့၊ ခရိုင်သဘာဝဘေးကော်မတီ၊ မြို့နယ်သဘာဝဘေးကော်မတီတို့နှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug 2019
-
မြေပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပလောက်မြို့ခန္တီကျေးရွာမှ မြေပြိုဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၆)ဦးတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-)ကျပ်အား (၁၂-၈-၁၉)ရက်နေ့ နံနက်(၈း၃၀)တွင်လည်းကောင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက် မြေပြိုဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၄၆၂၀၀/-) ကျပ်အား (၁၂-၈-၂၀၁၉)ရက်နေ့ မနက်(ရး၃၀)အချိန်တွင်လည်းကောင်း၊ ပုလောမြို့နယ်၊ သစ်လှတောကျေးရွာမှ မြေပြိုဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၁)လုံးအတွက် … Read more
-
အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် IOM အဖွဲ့အစည်းတို့ ပူးပေါင်း၍ စစ်တွေမြို့၊မင်းသူရိယခန်းမ၌ (၁၅-၈-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) အချိန်တွင် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ် သဘာဝဘေးအရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ လူမူရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို (၂) ရက် ဆက်လက် ကျင်းပပြုလုပ်သွားမည် … Read more









