လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့နှင့် (၁၁-၈-၂၀၁၉)ရက်နေ့များတွင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စု၊ ကျေးရွာ(၁၀)ရွာ၌ မိုးထန်စွာရွာသွန်း၍ မြေပြိုကျမှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၂၂) လုံး နှင့် ရေမျောပျက်စီးနေအိမ်(၂)လုံး၊ စုစုပေါင်း(၂၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂၄)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၆၀၀၀၀၀/-)ကျပ်၊ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ စုစုပေါင်း(၁၄၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၉၄၀၀၀/-)ကျပ်ကို လည်းကောင်း၊ ပရည်ကျွန်းကျေးရွာ မြေပြိုဘေးမှကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့နေထိုင်သူဦးရေ(၅၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၇၁၀၀/-)ကျပ်ကိုလည်းကောင်း၊ စလွန်အော်ကြီးကျေးရွာမှ မြေပိ သေဆုံးသူအမျိုးသမီး(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ ပန်းဇင်ကျေးရွာမှ မြေပိ၍ ခြေကျိုးသွားသူ လူငယ်(၁)ဦးအတွက် ဆေးကုသစရိတ် (၅၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ (၁-၈-၂၀၁၉)ရက်နေ့နှင့် (၃-၈-၂၀၁၉)ရက်နေ့တို့တွင် လေပြင်းဘေးကြောင့် စခန်းသစ်ကျေးရွာအုပ်စု၊ ဝါးအော်ကျေးရွာမှ ပြိုလဲနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် စခန်းသစ်ကျေးရွာတွင် လေပြင်းဘေးကြောင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး(၃)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်၊ ရေမြစ်ကြီးအုပ်စု၊ မနွယ်ကျေးရွာမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၂၇) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၅၆၇၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့ နံနက် (၉း၀၀)အချိန်တွင် ခရိုင်နှင့် မြို့နယ် သဘာဝဘေးကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိ ပါသည်။
Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#ha_sgw
#tny_aug 2019