လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်ခေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ ဝက်အစ်ကုန်းကျေးရွာ၌ (၁၀-၈-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန်နေအိမ်(၁) လုံးမှ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်၊ ကြူဝက်ကျေးရွာအုပ်စု၊ လယ်သာကျေးရွာ၌ အမိုးလန်နေအိမ် (၁) လုံးမှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်တို့အား (၁၅-၈-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_aug2019

Sign Up

Upcoming Events