Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာနတို့အား သီခြားစီလက်ခံတွေ့ဆုံ
လူမူဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumarနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန(ASMAC Asean Regional Mine Action Center)က ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၏ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ရှိ လတ်တလောပဋိပက္ခများ ကြောင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ကူညီပံ့ပိုးနိုင်ရန် အိန္ဒိယနှင့်မြန်မာ ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများက ပူးပေါင်းဆောင်ရွက်လျက် ရှိရာ လိုအပ်သောနေရာများတွင် အိန္ဒိယနိုင်ငံက ပါဝင်ကူညီဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဒေသခံ … Read more
-
ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ရှင်းလင်းဟောပြောစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၉) ရက်နေ့၊ (၁၀၃၀) နာရီအချိန်က ထီးလင်းမြို့၊ မီးသတ်ဦးစီးဌာနအစည်းအဝေးခန်မ၌ ထီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ စုစုပေါင်း (၁၄၆)ဦးတို့အား ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေနှင့် DAN Mobile Application များနှင့် စပ်လျဉ်း၍ ရှင်းလင်းဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၉)ရက်နေ့တွင် ကျောက်တန်းမြို့နယ် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်များ၊ ပြည်သူ များ စုစုပေါင်းလူဦးရေ(၁၃၀)ဦးကျော်တို့ကို ဥပဒေ၊ နည်းဥပဒေပါ အချက်များအား ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သော အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source; ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_aug 2019
-
ရေဘေးပြည်သူများအတွက် ပညာရေးဝန်ကြီးဌာနနှင့် ကုမ္ပဏီများက အလှူငွေများလာရောက်လှူးဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဝန်ထမ်းမိသားစုများက အလှူငွေကျပ် (၃,၀၀၀,၀၀၀ိ/-) (ကျပ်သိန်း သုံးဆယ်တိတိ/-)၊ GBG Industry Co;Ltdက အလှူငွေကျပ် (၃,၀၀၀,၀၀၀/-) (ကျပ်သိန်း သုံးဆယ်တိတိ/-)၊ မြန်မာပိတောက်ကုမ္ပဏီနှင့်ဝန်ထမ်းမိသားစုတို့က အလှူငွေကျပ် (၁၅,၀၀၀,၀၀၀/-)(ကျပ်သိန်း တစ်ရာ့ငါးဆယ်တိတိ/-) အား ဝန်ကြီးဌာနသို့အသီးသီးလာရောက် ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #hl1 #npw_aug2019 နေပြည်တော်၊သြဂုတ် … Read more
-
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းဆင်းပွဲနှင့် အထူးစောင့်ရှောက်ရန်လိုအပ်သော ကလေးငယ်များအား ပြုစုပျိုးထောင်ပေးမည့် ဆရာ/ဆရာမများမွေးထုတ်ပေးသည့် အခြေခံဆရာဖြစ် သင်တန်း(Pre-Level-1) သင်တန်းဖွင့်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် စခန်းအခြေပြုမူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး သင်တန်း ( ၂ / ၂၀၁၉ ) သင်တန်းဆင်းပွဲအခမ်း အနားကို ( ၁၅-၈-၂၀၁၉ ) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုး သားရေးတာဝန် တစ်ရပ်အနေဖြင့် တိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် … Read more
-
ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီ မြို့နယ်မှ ရေဘေးသင့်ပြည်သူ (၁၀၀၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀၀၀၀၀/-)ကျပ်အား (၁၄-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁း၀၀)အချိန်တွင် တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန ရေဘေးကွပ်ကဲရေးရုံးသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug 2019
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၉)ရက်နေ့မှ (၁၄-၈-၂၀၁၉)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၂၃,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၃,၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (ပလပ်စတစ်ပုံးအပါ) (၃)အိမ်ထောင်စာအား (၁၅-၈-၂၀၁၉)ရက်နေ့ (၁၄ဝဝ)နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၉)ရက်နေ့မှ (၁၄-၈-၂၀၁၉)ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မော်ရကျေးရွာအုပ်စု၊ သရက်တပင် ကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ပြိုလဲနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၇)စုနှင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၁၂)လုံးမှ လူဦးရေ (၃၉၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၈၃၇,၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၅၃၇,၉၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ)(၇)အိမ်ထောင်စာအား (၁၅-၈-၂၀၁၉)ရက်နေ့ (၁၂ဝဝ)နာရီအချိန်တွင် ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၈-၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (မြို့မ)အနီး၊ မြို့မရဲစခန်းရှေ့လမ်းဆုံ၌ ရေကြီးရေလျှံမှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ပြည်သူအများ သရှိနိုင်စေရန် ယခင်စိုက်ထူထားခဲ့သော ငလျင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အစား ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ် ပိုစတာကို လဲလှယ်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၉)ရက် နေ့တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ၌ ရေဘေးကူညီပို့ဆောင်ရေးလုပ်ငန်းကူညီဆောင်ရွက်နေစဉ် ရေစီး၌မျောပါသေဆုံးခဲ့သော တပ်မတော်သားတစ်ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်အား (၁၄-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁း၀၀)အချိန်တွင် သေဆုံးသူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_aug 2019 Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









