ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၉)ရက်နေ့မှ (၁၄-၈-၂၀၁၉)ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မော်ရကျေးရွာအုပ်စု၊ သရက်တပင် ကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ  ပြိုလဲနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၇)စုနှင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၁၂)လုံးမှ လူဦးရေ (၃၉၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၈၃၇,၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၅၃၇,၉၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ)(၇)အိမ်ထောင်စာအား  (၁၅-၈-၂၀၁၉)ရက်နေ့ (၁၂ဝဝ)နာရီအချိန်တွင် ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events