လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၉)ရက်နေ့မှ (၁၄-၈-၂၀၁၉)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၂၃,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၃,၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (ပလပ်စတစ်ပုံးအပါ) (၃)အိမ်ထောင်စာအား (၁၅-၈-၂၀၁၉)ရက်နေ့ (၁၄ဝဝ)နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။