Category Archives: News
-
အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၈-၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့၊ Best Choice ဘော်ဒါဆောင်ရှိ ကျောင်းသား/သူ (၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #chn_aug2019 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့တွင် (၁၅-၈-၂၀၁၉)ရက်နေ့ (၁၀၁၅)အချိန်၌ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၄)လုံး၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ (၁၅)ဦးတို့အတွက် ဆန်ရိက္ခာတန်ဖိုးငွေ (၇)ရက်စာ (၃၁,၅၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၄၀၀,၀၀၀)ကျပ်၊ စုစုပေါင်း(၄၃၁,၅၀၀)ကျပ် အား (၁၅-၈-၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စု၊ တစ်မိုင်ကျေးရွာမှ မိုးသည်းထန်စွာရွာသွန်း၍ မြေကျွံကျမှုကြောင့် ပြိုလဲခဲ့သည့်အိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၃)ဦးအတွက်ဆန်ဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်တို့ကို (၁၅-၈-၂၀၁၉)ရက်နေ့ နံနက် (၁၁း၀၀) အချိန် တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug 2019
-
မိုးသည်းထန်စွာရွာသွန်း၍ ဘုန်းကြီးကျောင်းပြိုကျကာ ပျံလွန်တော်မူခဲ့သည့်ဆရာတော်အတွက် ထာက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ဗဟိုလမ်း၌ (၉-၈-၂၀၁၉) ရက်နေ့၊ (၀၄:၀၀)နာရီခန့်တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ ဝေဇယျန္တာကျောင်းတိုက်အနောက်ဖက် အုတ်တံတိုင်းပိကျောင်းပြိုကျကာ ပျံလွန်တော်မူခဲ့သည့်ဆရာတော် (၁) ပါးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်ကို (၁၄-၈-၂၀၁၉) ရက်နေ့တွင် ကျန်ရစ်သူကျောင်းတိုက်ဆရာတော်ထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) +
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်း ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ရွှေသောင်ကျေးရွာတွင် (၁၃-၈-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၃)လုံး၊ အမိုးလန်အိမ်ခြေ(၂) လုံး၊ စုစုပေါင်းအိမ်ခြေ (၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃၆၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဖိုးငွေ (၄၈,၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃-အိမ်ထောင်စာ) တို့ကို (၁၆-၈-၂၀၁၉)ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပုလောဖျားကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ ရေမျောပျက်စီးနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၁)ဦးအတွက်ဆန်ဖိုးထောက်ပံ့ငွေ(၂၃၁၀၀/-)ကျပ်တို့ကို (၁၅-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁း၃၀)အချိန်၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug 2019
-
School Cum Shelter တည်ဆောက်နေမှုအားကြည့်ရှုလမ်းညွှန်မှာကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးတိုင်းဦးစီးမှူးတို့နှင့်အတူ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ သောင်လေးကျေးရွာ၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ ရေတွင်းဆိပ်ကျေးရွာ၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ ဓနိဆိပ်ကျေးရွာတို့၌ တည်ဆောက်လျက်ရှိသည့် School Cum Shelter တည်ဆောက်နေမှုအခြေအနေတို့ကို (၁၄-၈-၂၀၁၉) ရက်နေ့နှင့် (၁၅-၈-၂၀၁၉) ရက်နေ့တို့တွင် သွားရောက်ကြည့်ရှုလမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #otr #ayy_aug2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁၄းဝဝ)နာရီမှ (၁၅း၃၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ မိုင်းပျဉ်းမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် အခြေခံပညာအထက်တန်းကျောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့အစရှိသည့် ဌာနဆိုင်ရာ များပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများစုစုပေါင်းအင်အား (၂၀၀) ဦးဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းတွင်(၁၃-၈-၂၀၁၉)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ငလျင်ဘေးနှင့်ပတ်သက်၍လည်းကောင်း၊ ကြက်ခြေနီမှရှေးဦးသူနာပြုစုနည်းကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြပါသည်။ (၁၄-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁၄း၀၀)နာရီ တွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရာတွင် ရဲတပ်ဖွဲ့မှ ဝစီမှုတ်ပြီး ငလျင်လှုပ်ခတ်ကြောင်းအသိပေးခြင်း၊ ဆရာ/ဆရာမများမှဦးဆောင်၍ … Read more
-
တမူးခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၉)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပတ်မြို့နယ်၊ ကနန်ကျေးရွာနှင့် ဘုက္ကန်ကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်ပျက်စီးသွားခဲ့သော အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁,၅၀ဝ)ကျပ်ကို (၁၅-၈-၂၀၁၉)ရက်နေ့တွင် တမူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ကျောက်ဖြူမြို့နယ်၊ တဲချောင်းကျေးရွာအုပ်စု၊ ကတ္တူချိုင်ကျေးရွာမှ မိုးကြိုးပစ်သေဆုံးသူတစ်ဦးအတွက် ထောက်ပံငွေ (၃၀၀၀၀၀/-)အား (၁၅-၈-၂၀၁၉) ရက်နေ့တွင် တဲချောင်းကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #rke_aug 2019 Sourceး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)









