Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၉) ရက်နေ့၌ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မြို့တောင်ကျေးရွာအုပ်စု၊ မြို့တောင်ကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုေကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၂) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ (၁၈၉၀၀/-)ကျပ်ကို (၁၈-၈-၂၀၁၉)ရက်နေ့(၁၄:၀၀)အချိန် တောင်ကုတ်မြို့နယ်၊ မြို့တောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူဘေး သင့်ပြည်သူများလက်ဝယ်သို့အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #rke_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
Sourceး ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_aug 2019 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၉)ရက်နေ့၌ သုံးခွမြို့နယ်ရှိ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်များ၊ ပြည်သူများစုစုပေါင်းလူဦးရေ(၆၀)ဦးကျော်တို့အား သဘာဝဘေးအန္တရာယ်များကိုတုန့်ပြန်ဆောင်ရွက်ခြင်း၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကြိုတင်ပြင်ဆင်ရေးအတွက် အဖွဲ့လိုက်ဆောင်ရွက်မှုများကို လက်တွေ့လေ့ကျင့်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သောအသိပညာပေးခြင်းဖြစ်ဟောပြောပွဲအား ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရေဘေးသင့်ဒေသများအတွက် လှူဒါန်းမှုများကို လက်ခံဆောင်ရွက်မှုသတင်း
၁၈-၈-၂၀၁၉၊ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအတွင်းရှိ ရေးဘေးသင့်ဒေသများ အတွက် လှူဒါန်းပွဲကို ကျင်းပရာ အလှူရှင်များကလှူဒါန်းရသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့ကြပြီး (၁၉၇၂ – ၁၉၈၀) ဆေးတက္ကသိုလ် (၁) ကျောင်းသား၊ ကျောင်းသူဟောင်းများက ငွေကျပ် (၄၂) သိန်း၊ စက်မှုတက္ကသိုလ် (၁၉၈၃) ခုနှစ်ဝင် သူငယ်ချင်းများက ငွေကျပ် (၁၄၃) သိန်း၊ Tech Myanmar … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၉) ရက်နေ့၊ နံနက်(၉း၂၀)နာရီအချိန်တွင် မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာ၊ သာသနာ့ဟိတဓမ္မာရုံတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး ကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းတွင် ပူးပေါင်းပါဝင်ဆွေးနွေးပေးခဲ့ပြီး၊ အဆိုပါအခမ်းအနားတွင် ဌာနဆိုင်ရာများ၊ ကျေးရွာသား/ကျေးရွာသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ စုစုပေါင်းတက်ရောက်သူအင်အား(၃၅၀)ဦးတို့ကို ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းများ၊ DAN Mobile Application အသုံးပြုနည်းများ၊ ငလျင်ဘေးအန္တရာယ်ရင်ဆိုင်တုန့်ပြန်နိုင်စွမ်း မြင့်တင်ရေးစီမံကိန်းမှ ထုတ်ဝေသော အသိပညာပေးစာအုပ်များကိုမိတ်ဆက်ဖြန့်ဝေခြင်း၊ ပိုစတာများ၊ … Read more
-
ကျေးရွာနေပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သြဂုတ်လ (၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာအုပ်စု၊ သဲအိမ်ကျောင်းစုကျေးရွာဘုန်းတော်ကြီးကျောင်းတွင် FDA အဖွဲ့အစည်းနှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးခြင်းနှင့် ဌာန၏ဆောင်ရွက်ပေးနေမှုများကို ဟောပြောခဲ့ရာ သဲအိမ်ကျောင်းစုကျေးရွာ၊ အစီးလေးကျေးရွာ၊ ကျုံလွတ်တညီကျေးရွာတို့မှ ရွာသူရွာသား(၂၁၀)ဦး စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး
-
ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္နူဓမ္မအဖွဲ့ချုပ်နှင့် မြဧရာဖောင်ဒေရှင်းတို့က လှူဒါန်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ဒေသများအတွက် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်လှူဒါန်းပွဲကို ကျင်းပရာ အလှူရှင်များက လှူဒါန်းရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂက ငွေကျပ် (၂၁၅) သိန်းကိုလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္နူဓမ္မအဖွဲ့ချုပ်က ငွေကျပ်(၅၁)သိန်း ကိုလည်းကောင်း၊ မြဧရာဖောင်ဒေးရှင်းက ကမကထပြု၍ ရွာသာကြီးစက်မှုဇုန်မှ လုပ်ငန်းရှင်များနှင့်ပြည်သူများက ငွေကျပ် ရှစ်ဆယ့်တစ်သိန်း ရှစ်သောင်း သုံးထောင် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒကို ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနြှင့်ပန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး ကျိုက်ဝိုင်းရှိ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်သော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာမူဝါဒကိုပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဆွေးနွေးပြောကြားရာတွင် မိမိတို့အနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိမူဝါဒနှင့် လုပ်ငန်းစဉ်များကိုပြန်လည်သုံးသပ်ရန် လိုအပ်ပြီ ဖြစ်ကြောင်း၊ မူဝါဒ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၉) ရက်နေ့ ထီးလင်းမြို့နယ်၊ ပုဏ္ဏားကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသား(၇၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များနှင့်ပတ်သတ်၍ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_aug2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၉) ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဆီမီးခုံ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဆီမီးခုံ)၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသူ/ ကျောင်းသား(၄၂၇)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး စာအုပ်များ၊ ဘောပင်များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2019 Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









