၁၈-၈-၂၀၁၉၊ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအတွင်းရှိ ရေးဘေးသင့်ဒေသများ အတွက် လှူဒါန်းပွဲကို ကျင်းပရာ အလှူရှင်များကလှူဒါန်းရသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့ကြပြီး (၁၉၇၂ – ၁၉၈၀) ဆေးတက္ကသိုလ် (၁) ကျောင်းသား၊ ကျောင်းသူဟောင်းများက ငွေကျပ် (၄၂) သိန်း၊ စက်မှုတက္ကသိုလ် (၁၉၈၃) ခုနှစ်ဝင် သူငယ်ချင်းများက ငွေကျပ် (၁၄၃) သိန်း၊ Tech Myanmar Family ကငွေကျပ် (၅) သိန်း၊ ဦးတင်မောင်စိုး+ဒေါက်တာခင်မာစိုး၊ အမဒေါ်တင်မကြီးနှင့် ဒေါ်ခင်အေးမူ(ပြင်ဦးလွင်) မိသားစုတို့က ငွေကျပ် (၇) သိန်းတို့ကို အသီးသီးပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများပြန်လည်ပေးအပ်ခဲ့ကာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြား ရာတွင် ဘေးဒုက္ခ ခံစားရသောပြည်သူများအတွက် စာနာစိတ်ဖြင့်ထောက်ပံ့ကြသည်ဟု ယူဆပါကြောင်း၊ ဆရာဝန်များ၊ အင်ဂျင်နီ ယာများ၊ လူမှုမီဒီယာနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ စသောကွဲပြားသည့်ပြည်သူများက ထောက်ပံ့ကြခြင်းကြောင့် ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နိုင်င်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ အားလုံးက တစ်စိတ်တစ်ဝမ်းထဲရှိကြသည်ကို ဖော်ပြသလိုဖြစ်ကြောင်း၊ ဤလှူဒါန်းငွေများကို ဘေးဒဏ်ခံရသော ပြည်သူများသာ တူညီမျှခံစားရရှိနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေသို့ တိုက်ရိုက်ထည့်သွင်းပြီး အမျိုးသားကော်မတီဥက္ကဌ၏ ကြီးကြပ် မှုဖြင့် လိုအပ်ချက်များထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုသွား မည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ် သော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ပတ်သက်ပြီး ကြိုးမဲ့မြေငလျင်နှင့် မြေပြိုဒဏ်ခံရသူများအတွက် ရှာဖွေရေးစက်နှင့် ကင်မရာ၊ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းရှာဖွေရေး စက၊်ပုံရိပ်ရှာဖွေရေးနှင့် အပူချိန်ပုံဖမ်း ကင်မရာ၊ ရွေ့လျားမှုအာရုံခံကိရိယာအသံလှိုင်းဖြင့် ရေအောက်ဝတ္ထုတို့၏ တည်နေရာရှာဖွေရေး ရေအောက်ကင်မရာများ၏ အသုံးဝင်ပုံနှင့် လက်တွေ့အသုံးချဆောင်ရွက်နိုင်မှု၊ ကုမ္ပဏီများ၏ရှင်းလင်းတင်ပြမှုကိုကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#ygn_aug2019