သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၁၉) ရက်နေ့၊ နံနက်(၉း၂၀)နာရီအချိန်တွင် မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာ၊ သာသနာ့ဟိတဓမ္မာရုံတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး ကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းတွင် ပူးပေါင်းပါဝင်ဆွေးနွေးပေးခဲ့ပြီး၊ အဆိုပါအခမ်းအနားတွင် ဌာနဆိုင်ရာများ၊ ကျေးရွာသား/ကျေးရွာသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ စုစုပေါင်းတက်ရောက်သူအင်အား(၃၅၀)ဦးတို့ကို ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းများ၊ DAN Mobile Application အသုံးပြုနည်းများ၊ ငလျင်ဘေးအန္တရာယ်ရင်ဆိုင်တုန့်ပြန်နိုင်စွမ်း မြင့်တင်ရေးစီမံကိန်းမှ ထုတ်ဝေသော အသိပညာပေးစာအုပ်များကိုမိတ်ဆက်ဖြန့်ဝေခြင်း၊ ပိုစတာများ၊ ဗီနိုင်းများကိုခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#bgo_aug 2019

Sign Up

Upcoming Events