ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒကို ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

18_Pic_01

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနြှင့်ပန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊

လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊

ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး ကျိုက်ဝိုင်းရှိ ရှေးဦးအရွယ်

ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြု

ဗဟိုဌာနတွင် ကျင်းပပြုလုပ်သော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်

ဖွံ့ဖြိုးရေး ဆိုင်ရာမူဝါဒကိုပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးသို့

တက်ရောက်ပြီး ဆွေးနွေးပြောကြားရာတွင် မိမိတို့အနေဖြင့်

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး

လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိမူဝါဒနှင့် လုပ်ငန်းစဉ်များကိုပြန်လည်သုံးသပ်ရန် လိုအပ်ပြီ

ဖြစ်ကြောင်း၊ မူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

ငါးနှစ်တာကာလအတွင်း ရရှိခဲ့သော အတွေ့အကြုံများ၊ မှတ်တမ်းအချက်အလက်

အထောက်အထားများအပေါ် အခြေပြု၍ လိုအပ်သောပြောင်းလဲမှုများကို

ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မူဝါဒအရချမှတ်ထားသော မဟာဗျူဟာ (၁၀)ရပ်ကို

အောင်မြင်အောင် လက်တွေ့ကျသော စီမံချက်များကို ချမှတ်ကာ

အကောင်အထည်ဖော်ကြရန်လိုအပ်ပြီး အသက်ရှစ်နှစ် အရွယ်အထိ လွှမ်းခြုံနိုင်ရန်

လိုအပ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်

ဖွံ့ဖြိုးမှုလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိကနှင့် ရပ်ရွာအခြေပြု

အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများသည် လက်ရှိဥပဒေ၊

နည်းဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သော

သင်တန်းများကို စနစ်တကျ တိုးချဲ့ဖွင့်လှစ်နိုင်ရန်နှင့် ကလေးသူငယ်များ၏ အကောင်းဆုံး

အကျိုးစီးပွားကိုဖြစ်ထွန်းစေရန် ကာကွယ်စောင့်ရှောက်မှုများကိုပါ

ဥပဒေနှင့်အညီဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကလေးများကို

ပြုစုပျိုးထောင်ရာတွင် မိခင်ဖခင်များနှင့် မိသားစုဝင်များ၏ အရေးပါမှုကို အလေးထား

ထည့်သွင်းစဉ်းစား၍ မူဝါဒများ ချမှတ်နိုင်ရန် လိုအပ်ကြောင်း၊ မူဝါဒနှင့်အညီ

လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် မိတ်ဖက်နိုင်ငံတကာအဖွဲ့အစည်းများ၏

ဆောင်ရွက်မှုများသည် ရေရှည်တည်တံ့သော လုပ်ငန်းစဉ်များဖြစ်စေရန် အစိုးရ၏

စီမံကိန်းများနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း

ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရန်

နည်းလမ်းများကို အကြံပြုဆွေးနွေးပြီး လူမှုဝန်ထမ်းဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်က မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မဟာဗျူဟာ

(၁၀)ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများက ဆွေးနွေးကြရာ

အခြေခံပညာကျောင်းများတွင် မူလတန်းကြိုကျောင်းထားရှိမှု အခြေအနေ၊

ရပ်ရွာအခြေပြု မူလတန်းကြိုကျောင်းများ လုပ်ဆောင်နေမှု အခြေအနေနှင့်

လက်တွေ့ဆောင်ရွက်မှုများတွင် လျှော့မှုများပြုလုပ်ပေးနိုင်ရေး၊

နည်းဥပဒေများရေးဆွဲရာတွင် လိုအပ်သောအချက်များ ထည့်သွင်းနိုင်ရေး၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုသင်တန်းများကို စနစ်တကျ

တာဝန်ယူဖွင့်လှစ်နိုင်ရေး၊ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေ

တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာအတွက်

ဆောင်ရွက်ထားရှိမှု၊ ကလေးဖွံ့ဖြိုး တိုးတက်မှုအတွက် လေ့ကျင့်ရာတွင် လိုအပ်သော

ဈေးနှုန်းသက်သာပြီး အသုံးဝင်သည့် ကလေးအရုပ်များပြည်တွင်းတွင် ထုတ်လုပ်ပေးနိုင်ရေး

မိတ်ဖက်အဖွဲ့အစည်းများက ဆောင်ရွက်ထားရှိမှု၊ အထူးပညာရေး လိုအပ်သော

ကလေးငယ်များအတွက် မူလတန်းကြိုကျောင်း လျှောက်ထားရာတွင် လိုအပ်ချက်များ

စသည်တို့နှင့် ပတ်သက်၍ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်

တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး

လူမှုဝန်ထမ်းဦးစီးမှူးရုံးမြေနေရာအတွင်း မူးယစ်ဆေးစွဲသူများ

ပြန်လည်ထူထောင်ရေး ဘက်စုံသင်တန်းကျောင်း အဆောက်အဦးဆောက်လုပ်ရန်နေရာ

ရွေးချယ်ရန် သွားရောက်ကြည့်ရှုခဲ့ကြပြီး မူးယစ်ဆေးဖြတ်ပြီးသူများ၊

ပြန်လည်ထူထောင်ရေးသင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသားများနှင့်

ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြကြောင်း

သတင်းရရှိပါသည်။

#hl1

#npt_aug2019

Source:                 MSWRR

၁၇-၈-၂၀၁၉၊ ရန်ကုန်

Sign Up

Upcoming Events