ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္နူဓမ္မအဖွဲ့ချုပ်နှင့် မြဧရာဖောင်ဒေရှင်းတို့က လှူဒါန်း

 

18_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်

တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်သော

မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ဒေသများအတွက် ထောက်ပံ့မှုများနှင့်

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်လှူဒါန်းပွဲကို ကျင်းပရာ

အလှူရှင်များက လှူဒါန်းရသည့် အကြောင်းအရင်းကို

ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂက ငွေကျပ် (၂၁၅)

သိန်းကိုလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္နူဓမ္မအဖွဲ့ချုပ်က

ငွေကျပ်(၅၁)သိန်း ကိုလည်းကောင်း၊ မြဧရာဖောင်ဒေးရှင်းက ကမကထပြု၍

ရွာသာကြီးစက်မှုဇုန်မှ လုပ်ငန်းရှင်များနှင့်ပြည်သူများက ငွေကျပ် ရှစ်ဆယ့်တစ်သိန်း

ရှစ်သောင်း သုံးထောင် (၈,၁၈၃,၀၀၀)နှင့် ငွေကျပ် (၆၃၉၀၀၀) တန်ဖိုးရှိ

ခေါက်ဆွဲခြောက် ပါကင် (၃၀)ကိုလည်းကောင်း အသီးသီး လှူဒါန်းကြရာ

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ

ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား

ပြန်လည်ပြောကြားရာတွင် ဘေးဒုက္ခခံစားနေရသော ပြည်သူများအတွက်

စာနာစိတ်ဖြင့် လှူဒါန်းကြခြင်းဖြစ်သည်ဟု ယူဆပါကြောင်း၊ ကဗျာဆရာများ၊

ဂေါ်ရခါးဟိန္နူဓမ္မအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်

မြဧရာဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များသည် ကွဲပြားသော အလုပ်အကိုင်

အခြေအနေများရှိကြသော ပြည်သူများဖစ်ကြပြီး ဤနေရာတွင်

လာရောက်စုပေါင်း၍ ပြည်သူမှပြည်သူ့ထံသို့

မျှဝေပေးအပ်ခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အမျိုးသား

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထူထောင်ထားသော ရန်ပုံငွေသို့

ဤလှူဒါန်းငွေများကို တိုက်ရိုက်ထည့်သွင်းပြီး အစိုးရတာဝန်ရှိဝန်ကြီးဌာနများက

ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန်

စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလေအလွင့်မရှိအောင်

စနစ်တကျစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ

ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့်

ရုပ်ရှင်လောကသားများက ရုပ်ရှင်နှစ်တစ်ရာပြည့်အကြို

ပြည်သူ့အကျိုးပြုလှုပ်ရှားမှု အစီအစဉ်တွင်င် နိုင်ငံတဝန်းရေဘေးနှင့် သဘာဝဘေးများ

ခံစားနေကြရသော ပြည်သူများအတွက် လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

လှူဒါန်းပွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက

လှူဒါန်းရသည့်အကြောင်းအရင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ငွေကျပ် သိန်း (၁၀၀) မတည်ကာ ရုပ်ရှင်လောကသားများ၏

စုပေါင်းလှူဒါန်းငွေ စုစုပေါင်းငွေကျပ် နှစ်ရာခြောက်ဆယ့်တစ်သိန်း

တစ်သောင်း တစ်ထောင် (၂၆,၂၁၁,၀၀၀) ကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး

ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ

ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မုဒိတာစကား

ပြန်လည်ပြောကြားရာတွင် အနုပညာရှင် ရုပ်ရှင်လောကသားများကို ပြည်သူများက

ချစ်ခင်မေတ္တာထားကြကြောင်း၊ ယခုကဲ့သို့ ပြည်သူများ ဒုက္ခခံစားရချိန်တွင်

ရုပ်ရှင်လောကသားများက ပြည်သူများအတွက် ပြန်လည်မေတ္တာထား တုန့်ပြန်ခြင်းသည်

မင်္ဂလာရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြည်သူများနှင့် အနီးစပ်ဆုံးတွင်

ရှိနေအောင် အမြဲကြိုးပမ်းလျက်ရှိကြောင်း၊ ယခုလည်း ပြည်သူနှင့် နီးစပ်သော

ရုပ်ရှင်လောကသားများ၏ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်တွင် ပါဝင်ခြင်း

ဖြစ်ကြောင်း၊ ဤလှူဒါန်းငွေများသည် လိုအပ်သော ပြည်သူများထံသို့

လိုအပ်သောထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်

ရရှိခံစားကြစေရန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတု

ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင်လည်း ပြည်သူများ မထင်မှတ်သောဘေးဒဏ်များ၊

ပိုမိုပြင်းထန်သောဘေးဒဏ်များကို ခံစားရမည်ဖြစ်ရာ ထိုအပြောင်းအလဲကို

ပြည်သူများ သိရှိသဘောပေါက်စေရန် အသိပညာပေးလုပ်ငန်းများနှင့် ကြိုတင်ပြင်ဆင်

ကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ရာ ရုပ်ရှင်လောကသားများ က

ပြည်သူများထံသို့ သတင်းစကားများရောက်အောင် ဆောင်ရွက်နိုင်ကြမည်ဟု

ယုံကြည်ပါကြောင်းနှင့် ပူပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း

ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npt_aug2019

Source:                 MSWRR

၁၇-၈-၂၀၁၉၊ ရန်ကုန်

 

Sign Up

Upcoming Events