လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၉) ရက်နေ့၌ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မြို့တောင်ကျေးရွာအုပ်စု၊ မြို့တောင်ကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုေကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၂) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ (၁၈၉၀၀/-)ကျပ်ကို (၁၈-၈-၂၀၁၉)ရက်နေ့(၁၄:၀၀)အချိန် တောင်ကုတ်မြို့နယ်၊ မြို့တောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူဘေး သင့်ပြည်သူများလက်ဝယ်သို့အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Sourceး သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#rke_aug 2019