Category Archives: News
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ သုံးခွအနောက်ကျေးရွာအုပ်စု၊ တောင်တွင်း(၁၉-၈-၂၀၁၉)ရက်နေ့၌ မိုးကြိုးထိမှန်မှုကြောင့် အိဿယျကျေးရွာနေ ဦးအောင်ကျော်ဦး(ဘ)ဦးဝင်းကျော် အသက်(၃၄)နှစ်မှာ သေဆုံးခဲ့ရသောကြောင့် ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်အား (၂၀-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #ygn_aug 2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ရွှေကျင်ကျေးရွာအုပ်စု၊ ဘုရားလှကျေးရွာတွင် (၁၇-၈-၂၀၁၉)ရက်နေ့၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄၇၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၁၄၇၀၀) ကျပ်ကို ( ၂၀-၈ -၂၀၁၉)ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့၊အစိုးရနည်းပညာအထက်တန်း ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်းအင်အား(၁၅၀)ဦးကို သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_aug 2019
-
အငယ်တန်းစာရေးနှင့် ပစ္စည်းထိန်း (၅) ရာထူးလျှောက်ထားသူများအတွက် ဖြေဆိုခွင့်ရရှိသူအမည်နှင့် ခုံအမှတ်စာရင်း
အငယ်တန်းစာရေးနှင့် ပစ္စည်းထိန်း (၅) ရာထူးလျှောက်ထားသူများအတွက် ဖြေဆိုခွင့်ရရှိသူအမည်နှင့် ခုံအမှတ်စာရင်း ဧရာဝတီတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးချင်းပြည်နယ် ကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီမွန်ပြည်နယ်နေပြည်တော် ရခိုင်ပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ် တနင်္သာရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
-
ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များမှ ဝန်ကြီးဌာနသို့ အလှူငွေများအသီးသီး လာရောက်လှူဒါန်းမှုသတင်း
နေပြည်တော်၊ သြဂုတ် ၂၀ မြန်မာနိုင်ငံအတွင်း ရေးဘေးဒဏ်ခံရသည့် ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံး ပြုနိုင်ရန် နေပြည်တော်ကောင်စီနယ်မြေ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (အဝေးပြေး)နှင့် မော်တော်ယာဉ်အသင်းများက စုစုပေါင်းလှူဒါန်းငွေ (၅,၀၀၀,၀၀၀ိ/) (ကျပ်သိန်းငါးဆယ်တိတိ)၊ ရန်ကုန်မြို့မှ ဒေါက်တာဝေလင်းထွန်းမိသားစုက (၁၀,၀၀၀,၀၀၀ိ/)(ကျပ်သိန်းတစ်ရာတိတိ)၊ နတ်မောက်ပရဟိတအဖွဲ့ပေါင်းစုံ ကွန်ရက်နှင့် နတ်မောက်မြို့နယ်အသင်း (နေပြည်တော်) က (၁,၅၁၅,၅၀၀ိ/) (ကျပ်တစ်ဆယ့်ငါးသိန်း တစ်သောင်း ငါးထောင်ငါးရာတိတိ)၊ သီတာရေစင် ပရဟိတက (ကျပ် သုံးသိန်းတိတိ)(၃၀၀,၀၀၀ိ/)နှင့် မူဆယ်မြို့၊ ဈေးရပ်ကွက် (ဈ-၁၃၀) နေ ဦးစိုင်းအေးသောင်၊ဒေါ်ထင့်နိုင်၊ သမီးကြီးဒေါ်အောင်သန္တာMA(Eng) VICTORIA … Read more
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၈.၂၀၁၉)ရက်နေ့ (၂၁:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့နယ် မြို့ပေါ်ရပ်ကွက်(၄)ခုတွင် မိုးသည်းထန်စွာရွာသွန်:မှုကြောင့် နေအိမ်(၄)လုံး ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်ပြိုကျ မှုကြောင့် ကလေးငယ် (၁)ဦးဒဏ်ရာရရှိခဲ့ရာ အဆိုပါဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀ဝိ/-) နေအိမ်(၄)လုံး ပျက်စီးမှုအတွက် ထောက်ပံ့ငွေ(၃၅၀၀၀ဝိ/-) စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀၀၀ဝိ/-)အား (၁၉.၈.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~ #ha_fld #shn_aug2019
-
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလာရောက်လှူဒါန်းမှုသတင်း
မြန်မာနိုင်ငံအတွင်းမှ ရေဘေးသင့်ပြည်သူများအတွက် အကောက်ခွန်ဝန်ထမ်းဟောင်းများအသင်း (ရန်ကုန်) မှ အလှူ ငွေကျပ် (၁၀,၀၀,၀၀၀/) ကျပ်အားလည်းကောင်း၊ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုဖောင်ဒေးရှင်းမှ အလှူငွေကျပ် (၁,၀၀,၀၀၀/) အားလည်းကောင်း၊ မဏ္ဍိုင်ဝန်ဆောင်မှုကုမ္ပဏီလီမီ တက်မှ အလှူငွေကျပ် (၁,၀၀,၀၀၀/) ကျပ်အားလည်းကောင်း၊ ဦးကျော်မောင်+ဒေါ်အုန်းကြည်မိသားစုမှ အလှူငွေ ကျပ်(၁,၂၀,၀၀၀/) ကျပ်အားလည်းကောင်း၊ ဦးစော၊ တူမ မခင်သီသီကျော်မှ အလှူငွေကျပ် (၅၀,၀၀၀/) ကျပ်အား လည်းကောင်း၊ ဦးအောင်မျိုး+ဒေါ်သက်သက်မွန်မိသားစုမှ အလှူငွေကျပ် (၃၀,၀၀၀/) ကျပ်အားလည်းကောင်း၊ စုစုပေါင်းအလှူငွေကျပ် (၁၄,၀၀,၀၀၀/) ကျပ်တို့အား (၁၉-၈-၂၀၁၉) … Read more
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၁၈-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်လာမှုကြောင့် ကျေးရွာအုပ်စု (၆)စုရှိ ရေနောက်မျောပါ၊ ပြိုလဲနေအိမ်နှင့် ကြိုတင်ဖျက်သိမ်းနေအိမ် စုစုပေါင်း (၁၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀၀၀ဝိ/-)ကျပ်အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် (၁၀)မျိုးပါ (၁၁)အိမ်ထောင်စာ အတွက်လည်းကောင်း၊ လူဦးရေ (၄၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၈၇၀ဝိ/-)ကျပ် အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၉၈၇၀ဝိ/-)ကျပ်အား (၂၀-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more









