ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလာရောက်လှူဒါန်းမှုသတင်း

20 _ Pic _ 02 20_ Pic _ 03 20_ Pic _ 04
မြန်မာနိုင်ငံအတွင်းမှ ရေဘေးသင့်ပြည်သူများအတွက် အကောက်ခွန်ဝန်ထမ်းဟောင်းများအသင်း (ရန်ကုန်) မှ အလှူ ငွေကျပ် (၁၀,၀၀,၀၀၀/) ကျပ်အားလည်းကောင်း၊ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုဖောင်ဒေးရှင်းမှ အလှူငွေကျပ် (၁,၀၀,၀၀၀/) အားလည်းကောင်း၊ မဏ္ဍိုင်ဝန်ဆောင်မှုကုမ္ပဏီလီမီ တက်မှ အလှူငွေကျပ် (၁,၀၀,၀၀၀/) ကျပ်အားလည်းကောင်း၊ ဦးကျော်မောင်+ဒေါ်အုန်းကြည်မိသားစုမှ အလှူငွေ ကျပ်(၁,၂၀,၀၀၀/) ကျပ်အားလည်းကောင်း၊ ဦးစော၊ တူမ မခင်သီသီကျော်မှ အလှူငွေကျပ် (၅၀,၀၀၀/) ကျပ်အား လည်းကောင်း၊ ဦးအောင်မျိုး+ဒေါ်သက်သက်မွန်မိသားစုမှ အလှူငွေကျပ် (၃၀,၀၀၀/) ကျပ်အားလည်းကောင်း၊ စုစုပေါင်းအလှူငွေကျပ် (၁၄,၀၀,၀၀၀/) ကျပ်တို့အား (၁၉-၈-၂၀၁၉) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးဦးစီးမှူးရုံးသို့ လာရောက်လှူဒါန်းကြရာ တာဝန်ရှိသူများမှလက်ခံ၍ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld
#ygn_aug2019

Sign Up

Upcoming Events