လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၁၈-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်လာမှုကြောင့် ကျေးရွာအုပ်စု (၆)စုရှိ ရေနောက်မျောပါ၊ ပြိုလဲနေအိမ်နှင့် ကြိုတင်ဖျက်သိမ်းနေအိမ် စုစုပေါင်း (၁၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀၀၀ဝိ/-)ကျပ်အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် (၁၀)မျိုးပါ (၁၁)အိမ်ထောင်စာ အတွက်လည်းကောင်း၊ လူဦးရေ (၄၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၈၇၀ဝိ/-)ကျပ် အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၉၈၇၀ဝိ/-)ကျပ်အား (၂၀-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
~~~~~~~~~~~~~~~~~~~~~~~~~~
#ha_fld
#npw_aug2019