နေပြည်တော်၊ သြဂုတ် ၂၀
မြန်မာနိုင်ငံအတွင်း ရေးဘေးဒဏ်ခံရသည့် ဒေသများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အသုံး ပြုနိုင်ရန် နေပြည်တော်ကောင်စီနယ်မြေ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (အဝေးပြေး)နှင့် မော်တော်ယာဉ်အသင်းများက စုစုပေါင်းလှူဒါန်းငွေ (၅,၀၀၀,၀၀၀ိ/) (ကျပ်သိန်းငါးဆယ်တိတိ)၊ ရန်ကုန်မြို့မှ ဒေါက်တာဝေလင်းထွန်းမိသားစုက (၁၀,၀၀၀,၀၀၀ိ/)(ကျပ်သိန်းတစ်ရာတိတိ)၊ နတ်မောက်ပရဟိတအဖွဲ့ပေါင်းစုံ ကွန်ရက်နှင့် နတ်မောက်မြို့နယ်အသင်း (နေပြည်တော်) က (၁,၅၁၅,၅၀၀ိ/) (ကျပ်တစ်ဆယ့်ငါးသိန်း တစ်သောင်း ငါးထောင်ငါးရာတိတိ)၊ သီတာရေစင် ပရဟိတက (ကျပ် သုံးသိန်းတိတိ)(၃၀၀,၀၀၀ိ/)နှင့် မူဆယ်မြို့၊ ဈေးရပ်ကွက် (ဈ-၁၃၀) နေ ဦးစိုင်းအေးသောင်၊ဒေါ်ထင့်နိုင်၊ သမီးကြီးဒေါ်အောင်သန္တာMA(Eng) VICTORIA ENGLISH LANGUAGE TRAINING CLASS က လှူဒါန်းငွေကျပ် (၅၀၀,၀၀၀/)(ကျပ်ငါးသိန်းတိတိ)အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် အသီးသီးလာရောက်ပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: MOSWRR
#hl1_fld
#npw_aug2019