လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၈.၂၀၁၉)ရက်နေ့ (၂၁:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့နယ် မြို့ပေါ်ရပ်ကွက်(၄)ခုတွင် မိုးသည်းထန်စွာရွာသွန်:မှုကြောင့် နေအိမ်(၄)လုံး ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်ပြိုကျ မှုကြောင့် ကလေးငယ် (၁)ဦးဒဏ်ရာရရှိခဲ့ရာ အဆိုပါဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀ဝိ/-) နေအိမ်(၄)လုံး ပျက်စီးမှုအတွက် ထောက်ပံ့ငွေ(၃၅၀၀၀ဝိ/-) စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀၀၀ဝိ/-)အား (၁၉.၈.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
~~~~~~~~~~~~~~~~~~~~~~~~~~
#ha_fld
#shn_aug2019