Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၈-၂၀၁၉) ရက်နေ့တွင် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း ၊မရမ်းကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူ (၄၀၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ အား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_aug2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၈-၂၀၁၉) ရက်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၊ (စန္ဒိမာခန်းမ) မရမ်းကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ အား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_aug2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၁၉) ရက်နေ့တွင် အ.ထ.က(ဘားကပ်)ကျောင်းသို့ သွားရောက်၍ ကျောင်းသူ/သား (၅၀၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ရာသီဥတုပြောင်းလဲမှုအရ မြန်မာနိုင်ငံတွင် ပြောင်းလဲလာသည့် မိုးရွာသွန်းချိန်ကာလ ၊ ရွာသွန်းမှုပုံစံများအား ထည့်သွင်းပြောကြားခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_aug 2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကသဝင်ကျေးရွာအုပ်စု၊ (ဝေယံကျွန်း၊ ကျောင်းစု၊ ရွှေဖလားကျွန်း၊ မြစိမ်းကျွန်း)ကျေးရွာတို့၌ (၂၆-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ကြသည့် နေအိမ် (၃၈)လုံး၊ အိမ်ထောင်စု (၃၈)စုမှ လူဦးရေ (၁၅၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၈၀၀ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၃၁၉၂၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၁၁၉၂၀ဝ/-)ကျပ်တို့အား (၃၀-၈-၂၀၁၉) ရက်နေ့ (၁၃းဝဝ)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉) ရက်နေ့တွင် ကသာမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာနှင့် (၂၄-၈-၂၀၁၉)ရက်နေ့တွင် မိုးတားလေးကျေးရွာအုပ်စု၊ မိုးတားလေးကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၃)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-) တို့ကို (၃၀-၈-၂၀၁၉)ရက်နေ့တွင်ဘေးသင့်ပြည်သူထံသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #sgg_aug 2019
-
ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာ၌ (၁၁-၈-၂၀၁၉)ရက်နေ့တွင် နွားလည်းဖြင့် ရွာသို့ပြန်လာစဉ် ဒန့်တင်ချောင်းအား ဖြတ်ကူးရာ ချောင်းရေစီး၌ မျောပါသေဆုံးသွားပါသဖြင့် ရေဘေးသင့်သေဆုံး ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၃၀-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mgy_aug2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် မကွေးမြို့၊ (အ.လ.က) ရဲကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၁၃၀)ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_aug 2019
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇီးကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဂုံးလမ်းတွင် (၂၇-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်ပြည်သူလူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၈,၄၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးပါပလပ်စတစ်ပုံး(၁)ပုံး အား (၃၀-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာရပ်ကွက်အုပ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #bgo_aug2019
-
ဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း (၂၈-၈-၂၀၁၉) ရက်နေ့တွင် လက်နက်ငယ်ကျည်ထိမှန်၍ ကျောက်တော်မြို့နယ်၊ ရွှေလှိုင်ကျေးရွာတွင်နေထိုင်သူ (၁)ဦးဒဏ်ရာရရှိခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်ကို (၂၉-၈-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_aug2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၉-၈-၂၀၁၉)ရက်နေ့ နေ့လယ်(၁၄း ၀၀ )နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့သို့ နယ်မြေလုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ (၁)လစာအတွက်ထောက်ပံ့ပေးအပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် နမ္မတီးလမ်းခွလန်ဘရော့ယန်(ယာယီ)စခန်းရှိ အိမ်ထောင်စု(၁၀၆ )စု ၊လူဦးရေ(၄၉၅) ဦး တို့အတွက် ဆန်( ၁၅၄ အိတ် ၁၆ပြည် ၄ဗူး)၊ ဆီ( ၂၁၂)ပိဿာ၊ ပဲ( ၂၁၂)ပိဿာ၊ ဆား( ၁၀၆ )ပိဿာ တို့ကိုလည်းကောင်း၊ … Read more









