လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကသဝင်ကျေးရွာအုပ်စု၊ (ဝေယံကျွန်း၊ ကျောင်းစု၊ ရွှေဖလားကျွန်း၊ မြစိမ်းကျွန်း)ကျေးရွာတို့၌ (၂၆-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ကြသည့် နေအိမ် (၃၈)လုံး၊ အိမ်ထောင်စု (၃၈)စုမှ လူဦးရေ (၁၅၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၈၀၀ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၃၁၉၂၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၁၁၉၂၀ဝ/-)ကျပ်တို့အား (၃၀-၈-၂၀၁၉) ရက်နေ့ (၁၃းဝဝ)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_aug 2019