ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉) ရက်နေ့တွင် ကသာမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာနှင့် (၂၄-၈-၂၀၁၉)ရက်နေ့တွင် မိုးတားလေးကျေးရွာအုပ်စု၊ မိုးတားလေးကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၃)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-) တို့ကို (၃၀-၈-၂၀၁၉)ရက်နေ့တွင်ဘေးသင့်ပြည်သူထံသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe

#sgg_aug 2019

Sign Up

Upcoming Events