လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း (၂၈-၈-၂၀၁၉) ရက်နေ့တွင် လက်နက်ငယ်ကျည်ထိမှန်၍ ကျောက်တော်မြို့နယ်၊ ရွှေလှိုင်ကျေးရွာတွင်နေထိုင်သူ (၁)ဦးဒဏ်ရာရရှိခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်ကို (၂၉-၈-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_aug2019
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)