မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇီးကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဂုံးလမ်းတွင် (၂၇-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်ပြည်သူလူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၈,၄၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးပါပလပ်စတစ်ပုံး(၁)ပုံး အား (၃၀-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာရပ်ကွက်အုပ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#bgo_aug2019

 

 

Sign Up

Upcoming Events