ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၉-၈-၂၀၁၉)ရက်နေ့ နေ့လယ်(၁၄း ၀၀ )နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့သို့ နယ်မြေလုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ (၁)လစာအတွက်ထောက်ပံ့ပေးအပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် နမ္မတီးလမ်းခွလန်ဘရော့ယန်(ယာယီ)စခန်းရှိ အိမ်ထောင်စု(၁၀၆ )စု ၊လူဦးရေ(၄၉၅) ဦး တို့အတွက် ဆန်( ၁၅၄ အိတ် ၁၆ပြည် ၄ဗူး)၊ ဆီ( ၂၁၂)ပိဿာ၊ ပဲ( ၂၁၂)ပိဿာ၊ ဆား( ၁၀၆ )ပိဿာ တို့ကိုလည်းကောင်း၊ စိန်ပေါလု(ယာယီ)စခန်းရှိ အိမ်ထောင်စု(၇၄)စု၊ လူဦးရေ( ၃၃၂) ဦးတို့အတွက် ဆန်( ၁၀၃အိတ် ၁၈ပြည် )၊ ဆီ( ၁၄၈)ပိဿာ၊ ပဲ( ၁၄၈) ပိဿာ၊ ဆား( ၇၄)ပိဿာတို့ကိုလည်းကောင်း ၊ မြို့ဦးစိန်ဒေါမနစ်(ယာယီ)စခန်းရှိ အိမ်ထောင်စု(၄၅)စု လူဦးရေ( ၂၂၅)ဦးတို့အတွက် ဆန်( ၇၀အိတ် ၇ပြည် ၄ဗူး)၊ ဆီ( ၉၀)ပိဿာ၊ ပဲ( ၉၀)ပိဿာ၊ ဆား( ၄၅ )ပိဿာ တို့ကိုလည်းကောင်း၊ ကံလှဧမာနွေလ (ယာယီ)စခန်းရှိ အိမ်ထောင်စု(၆)စု လူဦးရေ(၃၂)ဦးတို့အတွက် ဆန်( ၁၀အိတ် )၊ ဆီ( ၁၂)ပိဿာ၊ ပဲ( ၁၂) ပိဿာ၊ ဆား( ၆ )ပိဿာ တို့အား ထောက်ပံ့ပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#otr

#kcn_aug 2019

Sourceး ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events