Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၈.၂၀၁၉)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ ဒေါငံခါး(၂)ကျေးရွာတွင် လေဘေးသင့်အိမ် (၁)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀ )ကျပ်နှင့် ဆန်ရိက္ခာဖိုး(၁၄၇၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၀၄၇၀၀/-)ကို (၃၁.၈.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆို့မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #kyh_aug2019
-
တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဩဂုတ်လ (၃၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် အတွင်းရောက်ရှိနေသော တိုက်ပွဲရှောင်စခန်း(၆)ခု၊ ရပ်ကွက်-၄ ခါနန်မူကြိုကျောင်း လူဦးရေ (၆၈)ဦး၊ ရပ်ကွက်-၂ မိဘမဲ့ဂေဟာ လူဦးရေ (၁၀၆) ဦး၊ ရပ်ကွက်-၈ တောင်တန်းဘုန်းတော်ကြီးကျောင်း လူဦးရေ (၁၈၉)ဦး၊ ရပ်ကွက်-၂ တအာင်းယဉ်ကျေးမှုခန်းမ လူဦးရေ (၃၅၃) ဦး၊ ခိုလုံဘုန်းတော်ကြီးကျောင်း လူဦးရေ (၅၀၄) ဦး၊ ကာလိုင်ဘုရားရှိခိုးကျောင်း (၂၂၉)ဦး၊ စုစုပေါင်းလူဦးရေ (၁၄၅၅)ဦးအတွက် … Read more
-
အာဆီယံ၏ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအရ အကောင်အထည်ဖော်ရေး ပထမအကြိမ် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
ဩဂုတ် ၃၀၊ နေပြည်တော် တစ်ဘက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက်ဆန်းစစ် လေ့လာမှုအစီရင်ခံစာအား ၂၀၁၉ခုနှစ်၊ ဧပြီလအတွင်း အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည့် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြန်လည်လက်ခံရေး လုပ်ငန်းများနှင့်ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အခက်အခဲများစွာကြားမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် … Read more
-
တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများကြောင်း (၂၆.၈.၂၀၁၉)ရက်တွင် စစ်တွေမြို့၊ ဗုဒ္ဓမော်ကျောင်းတိုက်သို့ ထပ်မံရောက်ရှိ ခိုလှုံလျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၃)ဦးအတွက် ဆန်ရိက္ခာ (၂)ပတ်စာ ဆန်(၃)အိတ်၊ (၈)ပြည်၊ (၄)ဘူးအား (၃၁.၈.၂၀၁၉)ရက်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_aug2019
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့မှစ၍ ရေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေးမြစ်ရေလျှံမှုကြောင့် နေအိမ်မြောပါ ပြိုကျပျက်စီးဆုံးရှုံးခဲ့သော ရက်ကွက်(၆)ခု ကျေးရွာ (၆)ရွာမှ အိမ်ခြေ (၄၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၉,၅၀၀,၀၀၀/-) အား (၃၀-၈-၂၀၁၉) ရက်နေ့တွင် သွားရောက်ကူညီထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_aug2019
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက်နေ့တွင် မိုးသည်းထန်စွာစံချိန်တင်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံသဖြင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၇)ခုသို့ ပြောင်းရွှေ့ခိုလှုံ့ခဲ့ရသည့် အိမ်ထောင်စု(၂၀၇)စုအတွက် ဦးစီးဌာနရုံးချုပ်မှ ပေးပို့လာသော အလှူပစ္စည်းများမှ (၁)အိမ်ထောင်လျှင် ဆန်(၆)ပြည်၊ ခေါက်ဆွဲခြောက် (၁၀)ထုပ်နှင့် ဆီ(၁)လီတာတို့ကို (၃၀-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ကူညီထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_aug2019
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၂) ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ … Read more
-
မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၌ (၂၈-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော မြေပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ် (၄)လုံး၊ အိမ်ထောင်စု (၄)စုမှ လူဦးရေ (၁၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၃၅၇၀၀/-)ကျပ်တို့အား (၃၀-၈-၂၀၁၉) ရက်နေ့ (၁၂းဝဝ)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_lsd … Read more
-
ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူငွေများအသီးသီးလာရောက်လှူဒါန်း
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံဆိုင်းဂီတအသင်း (ဗဟို)က စုပေါင်းလှူဒါန်းငွေကျပ် ၁,၅၀၀,၀၀၀/- (ကျပ်တစ်ဆယ့်ငါးသိန်းတိတိ)၊ မြန်မာနိုင်ငံ ဆိုင်းဂီတအသင်း (ပျဉ်းမနားမြို့)က စုပေါင်းလှူဒါန်းငွေကျပ် ၁,၀၀၀,၀၀၀ိ/- (ကျပ်ဆယ်သိန်း တိတိ)နှင့် ရမည်းသင်းမြို့နယ်၊ သစ္စေးကျေးရွာ (အ.ထ.က) ကျောင်းသူ၊ ကျောင်းသားများနှင့် ပေါက်အိုင်ကျေးရွာသူ၊ ကျေးရွာသားများက စုပေါင်းလှူဒါန်းငွေကျပ် ၁၀၅,၀၀၀ိ/- (ကျပ်တစ်သိန်း ငါးထောင်တိတိ)နှင့် ငွေကျပ် ၁၃၂,၅၀၀ိ/- (ကျပ်တစ်သိန်းသုံးသောင်းနှစ်ထောင့်ငါးရာတိတိ) တန်ဖိုးရှိ ဆန်အိတ်(၅)အိတ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၈-၂၀၁၉) ရက်နေ့၊ (၉း၀၀)အချိန်မှ (၁၁း၃၀)အချိန်ထိ ၊မရမ်းကုန်းမြို့နယ်၊ အ.ထ.က(၂) ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #ygn_aug2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









