လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက်နေ့တွင် မိုးသည်းထန်စွာစံချိန်တင်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံသဖြင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၇)ခုသို့ ပြောင်းရွှေ့ခိုလှုံ့ခဲ့ရသည့် အိမ်ထောင်စု(၂၀၇)စုအတွက် ဦးစီးဌာနရုံးချုပ်မှ ပေးပို့လာသော အလှူပစ္စည်းများမှ (၁)အိမ်ထောင်လျှင် ဆန်(၆)ပြည်၊ ခေါက်ဆွဲခြောက် (၁၀)ထုပ်နှင့် ဆီ(၁)လီတာတို့ကို (၃၀-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ကူညီထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#mon_aug2019