လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၌ (၂၈-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော မြေပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ် (၄)လုံး၊ အိမ်ထောင်စု (၄)စုမှ လူဦးရေ (၁၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၃၅၇၀၀/-)ကျပ်တို့အား (၃၀-၈-၂၀၁၉) ရက်နေ့ (၁၂းဝဝ)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_lsd
#ayy_aug 2019