လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဩဂုတ်လ (၃၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် အတွင်းရောက်ရှိနေသော တိုက်ပွဲရှောင်စခန်း(၆)ခု၊ ရပ်ကွက်-၄ ခါနန်မူကြိုကျောင်း လူဦးရေ (၆၈)ဦး၊ ရပ်ကွက်-၂ မိဘမဲ့ဂေဟာ လူဦးရေ (၁၀၆) ဦး၊ ရပ်ကွက်-၈ တောင်တန်းဘုန်းတော်ကြီးကျောင်း လူဦးရေ (၁၈၉)ဦး၊ ရပ်ကွက်-၂ တအာင်းယဉ်ကျေးမှုခန်းမ လူဦးရေ (၃၅၃) ဦး၊ ခိုလုံဘုန်းတော်ကြီးကျောင်း လူဦးရေ (၅၀၄) ဦး၊ ကာလိုင်ဘုရားရှိခိုးကျောင်း (၂၂၉)ဦး၊ စုစုပေါင်းလူဦးရေ (၁၄၅၅)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာအတွက် စုစုပေါင်း ထောက်ပံ့မှု (၃၀၅၅၅၀၀/-)အား ကွင်းဆင်းထောက်ပံ့ရေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#shn_aug2019