မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံဆိုင်းဂီတအသင်း (ဗဟို)က စုပေါင်းလှူဒါန်းငွေကျပ် ၁,၅၀၀,၀၀၀/- (ကျပ်တစ်ဆယ့်ငါးသိန်းတိတိ)၊ မြန်မာနိုင်ငံ ဆိုင်းဂီတအသင်း (ပျဉ်းမနားမြို့)က စုပေါင်းလှူဒါန်းငွေကျပ် ၁,၀၀၀,၀၀၀ိ/- (ကျပ်ဆယ်သိန်း တိတိ)နှင့် ရမည်းသင်းမြို့နယ်၊ သစ္စေးကျေးရွာ (အ.ထ.က) ကျောင်းသူ၊ ကျောင်းသားများနှင့် ပေါက်အိုင်ကျေးရွာသူ၊ ကျေးရွာသားများက စုပေါင်းလှူဒါန်းငွေကျပ် ၁၀၅,၀၀၀ိ/- (ကျပ်တစ်သိန်း ငါးထောင်တိတိ)နှင့် ငွေကျပ် ၁၃၂,၅၀၀ိ/- (ကျပ်တစ်သိန်းသုံးသောင်းနှစ်ထောင့်ငါးရာတိတိ) တန်ဖိုးရှိ ဆန်အိတ်(၅)အိတ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_aug2019
နေပြည်တော်၊ သြဂုတ် ၃၀