Category Archives: News
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ကူညီထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်လျက်ရှိ
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့ (၂၁:၃၉) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ မြေငလျင်စခန်းမှ တောင်ဘက် (၃၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာ စကေး (၆.၀) အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့်ရွှေဘိုမြို့နယ်၊ ခင်ဉီးမြို့နယ်နှင့် ရေဉီးမြို့နယ်တို့ တွင် ထိခိုက်ပျက်စီးမှုရှိခဲ့ရာ – ရွှေဘိုမြို့နယ်၌ ဘုရားစေတီနှင့်သာသနိကအဆောက်အဉီပေါင်း(၅၇)ခုတွင်စိန်ဖူးတော်၊ ထီးတော်များမြေခခြင်း၊ စေတီများအက်ကွဲခြင်း၊ အဆောက်အဉီ နံရံများအက်ကွဲခြင်းနှင့် ပညာရေးအဆောက်အဉီ(၁၆)ခု၊ ကျန်းမာရေးအဆောက်အဉီ(၁)ခု၊ ဌာနဆိုင်ရာအဆောက် အဉီ(၃)ခု၊ လူနေအိမ်(၅)လုံးတို့တွင် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် ငလျင်လှုပ်ခတ်ခဲ့သောဒေသများသို့ ကွင်းဆင်းသွားရောက်၊ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ခြင်း
စက်တင်ဘာ/၂ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးအောင်သည် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင် များနှင့် အတူယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့ပိတောက်ခေါင်းကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာရှိဘုရားစေတီများ ထီးတော် တိမ်းစောင်းပြိုကျအက်ကွဲမှုအခြေအနေကိုကြည့်ရှုပြီးနောက် ကျောင်းထိုင်ဆရာတော်အားလှူဖွယ်ဝတ္ထုဆက်ကပ် လှူပူဇော်ခဲ့ပါသည်။ ဆက်လက်၍ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ခရိုင်/မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ခင်ဦးမြို့နယ်၊ လောင်းရှည်ကျေးရွာဂြိုလ်ကြီး ရှစ်လုံးစေတီများ ထီးတော်ပြိုကျမှု၊ စေတီလုံးတော်များကွဲအက်မှုများကိုကြည့်ရှု၍ ကျေးရွာသူ၊ကျေးရွာသားများနှင့်တွေ့ဆုံကာ ငလျင် ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာများအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအလိုက် ဖွဲ့စည်း ဆောင်ရွက်နေမှုအခြေအနေများတို့ကို ဆွေးနွေးပြောကြားပြီး ငလျင်ဘေးအန္တရာယ်အသိပညာပေး … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၃) ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်အရ- “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။”
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး Professor Michelle Kamauနှင့် International Organization for Migration (IOM) အဖွဲ့တို့အား အသီးသီးလက်ခံတွေ့ဆုံမှုသတင်း
စက်တင်ဘာ၂၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် Professor Michelle Kamau နှင့် International Organization for Migration (IOM), Mission in Myanmar ၏ Chief of Mission ဖြစ်သူ Mr. Akio Nakayama ဦးဆောင်သောအဖွဲ့တို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌အသီးသီးလက်ခံတွေ့ဆုံပါသည်။ Professor Michelle Kamau နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရေးအတွက် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများတွင်လူမှုရေးပညာကျွမ်းကျင်သူတစ်ဦးအနေဖြင့်ကူညီဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များအတွက်ပညာရပ်ပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပါသည်။ … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စကုမြို့၊ ရပ်ကွက်(၂)ရပ်ကွက်တွင် (၃၁-၈-၂၀၁၉)ရက်နေ့နှင့် (၁-၉-၂၀၁၉)ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော စကုမြို့အနီးရှိ လက်တိုချောင်းနှင့် သာမွေးချောင်းတို့ ရေလျှံမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၈၈)လုံး၊ အိမ်ထောင်စု(၈၈)စုမှ လူဦးရေ(၃၄၆)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၇၂၆,၆၀၀ိ/-)ကျပ်အား (၂-၉-၂၀၁၉)ရက်နေ့ (၁၅:၀၀)အချိန်တွင် မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_sep_2019 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး
-
မိုးကြိုးထိမှန် သေဆုံးအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ပြည်ခရိုင် သဲကုန်းမြို့နယ် ကြို့ကုန်းအုပ်စု သပြေကုန်းကျေးရွာနေ (ဘ) ဦးသောင်းညွန့်၏သား မောင်မျိုးမင်းအောင် (၁၇)နှစ် သည် (၂၉-၈-၂၀၁၉) ရက်နေ့၌ ရွာ၏အရှေ့ဘက် လယ်ကွင်းပြင်တွင် မြက်ရိတ်နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့သဖြင့် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)တိတိအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မိသားစုဝင်များထံသို့ (၂-၉-၂၀၁၉) ရက်နေ့(၁၄း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_sep_2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး
-
မြေပြိုဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၃၁.၈.၂၀၁၉)နေ့ ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာမှ မြေပြိုဘေးသင့် တိုက်အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂)သိန်း ကယ်ဆယိရေးပစ္စည်း(၁၆)မျိုး (၁)စုစာ၊ လူ(၄)ဦးအတွက်ဆန်ဘိုး (၈၄၀၀)ကျပ် တို့အား (၂.၉.၂၀၁၉)နေ့ (၁၂း၁၅)အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #tny_sep_2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ အကြံပြုချက် သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ်။
-
ဆရာ/မ များနှင့် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (၂.၉.၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန် မြောင်းမြပညာရေး ကောလိပ်တွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ဆိုင်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ နှင့် ဘော့ပင်များအား ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sep_2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ုကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရွှေဘိုခရိုင်အတွင်း ငလျင်လှုပ်ခတ်သည့်ဒေသများသို့ သွားရောက်၍ လိုအပ်သည်များကို ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခြင်း
၂၀၁၉ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့၊ ည(၉)နာရီ၊(၃၉)မိနစ် အချိန်က ရွှေဘိုမြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး (၆.ဝ)ဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရုံးမှုများနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးနိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းကရွှေဘိုနည်းပညာတက္ကသိုလ်သို့ရောက်ရှိကာ စစ်ကိုင်းဒေသြုကီးဝန်ကြီးချုပ်နှင့်အတူ ပျက်စီးမှုအခြေအနေများကို လှည်လည်ကြည့်ရှုပြီးနောက် ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ၊ … Read more









