အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ုကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရွှေဘိုခရိုင်အတွင်း ငလျင်လှုပ်ခတ်သည့်ဒေသများသို့ သွားရောက်၍ လိုအပ်သည်များကို ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခြင်း

 

 

2_Pic-032_Pic_04.

၂၀၁၉ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့၊ ည(၉)နာရီ၊(၃၉)မိနစ် အချိန်က ရွှေဘိုမြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး (၆.ဝ)ဖြင့်

လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရုံးမှုများနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးနိုင်ရန်အတွက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည်

တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းကရွှေဘိုနည်းပညာတက္ကသိုလ်သို့ရောက်ရှိကာ စစ်ကိုင်းဒေသြုကီးဝန်ကြီးချုပ်နှင့်အတူ ပျက်စီးမှုအခြေအနေများကို

လှည်လည်ကြည့်ရှုပြီးနောက် ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ဧည့်ရိပ်သာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ၊

ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့်

အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌတို့နှင့်အတူ ဒုတိယဝန်ကြီးသည် ရွှေဘိုမြို့

ချမ်းသာကြီးဘုရား ထီးတော်တိမ်းစောင်းမှု

အခြေနေကိုသွားရောက်ကြည့်ရှုခဲ့ကြကြောင်းနှင့် ဒုတိယဝန်ကြီးသည်

ရေဦးမြို့နှင့်ခင်ဦးမြို့များရှိ ပျက်စီးမှုအခြေအနေများကိုလည်း

သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#Unicode Version#

 

#hl_2

#sep_2019

—————-

Source: MSWRR

———————-

 

Sign Up

Upcoming Events