လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စကုမြို့၊ ရပ်ကွက်(၂)ရပ်ကွက်တွင် (၃၁-၈-၂၀၁၉)ရက်နေ့နှင့် (၁-၉-၂၀၁၉)ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော စကုမြို့အနီးရှိ လက်တိုချောင်းနှင့် သာမွေးချောင်းတို့ ရေလျှံမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၈၈)လုံး၊ အိမ်ထောင်စု(၈၈)စုမှ လူဦးရေ(၃၄၆)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၇၂၆,၆၀၀ိ/-)ကျပ်အား (၂-၉-၂၀၁၉)ရက်နေ့ (၁၅:၀၀)အချိန်တွင် မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#bgo_sep_2019
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး