Category Archives: News
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၉) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ အုန်းစံဆိုင်ကျေးရွာ၊ ဓမ္မာရုံ၌ ရွာသူ/သား(၁၀၀)ဦးတို့ဖြင့် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် မီးဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင် ရန်အချက်များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများကိုလည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရေဘေးပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက အလှူငွေများ လာရောက်လှူဒါန်း
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာ တွင် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေကျပ် သိန်း(၂၀၀)ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ နှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် ရေဘေးသင့်ပြည်သူ များကို စာနာစိတ်ဖြင့် ထောက်ပံ့လှူဒါန်းခြင်းကို ဝမ်းမြောက်ပါကြောင်း၊ ရရှိသော လှူဒါန်းငွေများကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရံပုံငွေသို့ ထည့်သွင်းပြီး … Read more
-
ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာ ပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ၊ ရွှေဂွန်း(အ.ထ.က) ကျောင်း၊ ရွှေပညာ့ရတနာခန်းမ၌ (၇-၉-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ၊ စုစုပေါင်းလူဦးရေ (၇၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် ဗလာစာအုပ်များ၊ ဘောပင်များကိုလည်း (ခေတ္တ)ကျောင်းအုပ်ဆရာကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း … Read more
-
မသန်စွမ်းသူများ၏အခွင့်အရေးများဖော်ဆောင်ပေးနေခြင်းသည် မြန်မာနိုင်ငံကလူ့အခွင့်အရေးကိုအလေးထားမှုသိသာထင်ရှားကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြောကြား
စက်တင်ဘာ ၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနနှင့် Voluntary Service Overseas (VSO)တို့ပူးပေါင်းပြီး မသန်စွမ်းသူများ တရားမျှတမှုရရှိပိုင်ခွင့်ဆွေးနွေးပွဲအကျဉ်းချုပ်အစီရင်ခံစာနှင့် မသန်စွမ်းစစ်တမ်းကောက်ယူခြင်း ဆိုင်ရာနည်းလမ်းများ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကိုယနေ့နံနက်(၉)နာရီခွဲအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများတရားမျှတမှု ရရှိပိုင်ခွင့်နှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးမှလည်း စိတ်ဝင်စားအလေးထားဆောင်ရွက်နေကြပါ ကြောင်း၊ မသန်စွမ်းသူများ တရားမျှတမှုရရှိပိုင်ခွင့်အတွက် ဆောင်ရွက်ပြီးလုပ်ငန်းများရှိသလို ရှေ့လုပ်ငန်းစဉ်များလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့် အဖွဲ့အစည်းအသီးသီးပူးပေါင်းပြီး … Read more
-
ရေဘေးပြန်လည်ထူထောင်ရေးအတွက်ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် IBK က အလှူငွေများလာရောက်လှူဒါန်း
နေပြည်တော်၊စက်တင်ဘာ၅ မြန်မာနိုင်ငံအတွင်းရေဘေးဒဏ်ခံရသည့်ဒေသများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် Industrial Bank of Korea (IBK) ကအမေရိကန်ဒေါ်လာ (၃၀,၀၀၀)ကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးရုံးခန်းမ၌လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဌပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလက်ခံခဲ့ပါသည်။ Industrial Bank of Korea (IBK)အနေဖြင့် လူမှုရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက် ပေးနေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရလေ့ရှိသည့် နိုင်ငံဖြစ်သည့်အတွက် အစိုးရအနေဖြင့် ပြည်သူများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များဖြင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလိုကိုရီးယား-မြန်မာချစ်ကြည်ရေးအခန်းကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့ပြီးကိုရီးယားနိုင်ငံသမ္မတကြီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်သည့်အချိန်ကာလတွင် ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် (IBK)က လာရောက်လှူဒါန်းသည့်အတွက် မင်္ဂလာရှိသောအခါသမယ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အောင်မြင်မှုများရရှိပါစေကြောင်းနှင့် … Read more
-
ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ထုံးဝကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ care myanmar ပိုက်ဖျာ (၁)ချပ်၊ ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၈၄၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈,၄၀၀)ကျပ်အား (၆-၉-၂၁၀၉)ရက်နေ့ (၁၂၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့မှုအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာနှင့် သက္ကယ်ပြင်(သံ)အုပ်စု ကညင်ရိုးကျေးရွာ၌ (၄-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရသည့်နေအိမ် (၂၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂,၅၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၂၅)စုမှ လူဦးရေ (၁၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၂၃၇,၃၀၀)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂,၇၃၇,၃၀၀)ကျပ် အား (၆-၉-၂၁၀၉)ရက်နေ့ (၁၅၀၀) နာရီအချိန်တွင်တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့မှုအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန်အောင်မြို့နယ်၊ ရွှေကျင်ကျေးရွာအုပ်စု၊ ဘုရားလှကျေးရွာတွင် (၄-၉-၂၀၁၉) နေ့နှင့် (၅-၉-၂၀၁၉)နေ့တို့တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ(၈)လုံး၊ ၎င်းအိမ်ထောင်စု (၈)စုရှိ လူဦးရေ (၄၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၈၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုး (၉၂,၄၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၉၂,၄၀၀)ကျပ်ကို (၆-၉-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ သင်ခန်းစာပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၉)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အုပ်ချုပ်ရေးနှင့် စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်တင်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၁၉)၌ တက်ရောက်လာကြသော သင်တန်းသား (၆၁)ဦး အား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းမှုအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၁၉)ရက်နေ့က ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုကြိုတင်ရွှေ့ပြောင်းနေအိမ်(၁၀)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁,၀၀၀,၀၀၀) ကျပ် အား (၆-၉-၂၀၁၉)ရက်နေ့နံနက်(၁၅၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









