လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ထုံးဝကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ care myanmar ပိုက်ဖျာ (၁)ချပ်၊ ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၈၄၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈,၄၀၀)ကျပ်အား (၆-၉-၂၁၀၉)ရက်နေ့ (၁၂၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။