ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာ ပေးဟောပြောမှုသတင်း

7_ Pic _ 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ၊ ရွှေဂွန်း(အ.ထ.က) ကျောင်း၊ ရွှေပညာ့ရတနာခန်းမ၌ (၇-၉-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ၊ စုစုပေါင်းလူဦးရေ (၇၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား  သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် ဗလာစာအုပ်များ၊ ဘောပင်များကိုလည်း (ခေတ္တ)ကျောင်းအုပ်ဆရာကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar_fld

#ar_str

#ar_tls

#krn_sep2019

Source:           ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events