ရေဘေးပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက အလှူငွေများ လာရောက်လှူဒါန်း

7 pic_03       မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာ တွင် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံမိခင်နှင့်ကလေး  စောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေကျပ် သိန်း(၂၀၀)ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ နှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် ရေဘေးသင့်ပြည်သူ များကို စာနာစိတ်ဖြင့် ထောက်ပံ့လှူဒါန်းခြင်းကို ဝမ်းမြောက်ပါကြောင်း၊ ရရှိသော လှူဒါန်းငွေများကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရံပုံငွေသို့ ထည့်သွင်းပြီး ရေဘေးသင့်ဒေသများအတွက် လိုအပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၏ စီမံမှုဖြင့် စနစ်တကျထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_sep2019

နေပြည်တော်၊ စက်တင်ဘာ ၇

Sign Up

Upcoming Events