Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) မှ (၁၁း၃၀) နာရီအချိန်ထိ သံဖြူဇရပ်မြို့၊ ကြာကန်ရပ်ကွက်၌ ပြည်သူလူထု (၇၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_sep2019
-
ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီမှူးရုံးနှင့် လယ်ဝေးမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍(၁၇-၉-၂၀၁၉)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင်လယ်ဝေးမြို႕နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ သာယာစုကျေးရွာတွင် ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီဝင်ဦးအေးမောင်စိန်၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း လယ်ဝေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်၊ အေလာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ ကျေးရွာသူ /ကျေးရွာသား(၂၀၀) ဦးခန့်တက်ရောက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_sep2019 Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်း၌ ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီ လူမှုအဖွဲ့အစည်းများ၊ ဆရာ/ဆရာမများနှင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်းနှင့် အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သူများအား DAN Mobile Application ထည့်သွင်းခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #mon_sep2019
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား(၁၇-၉-၂၀၁၉)ရက်နေ့ (၀၉းဝဝ)နာရီတွင် အခမ်းအနားစတင်ခဲ့ရာ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခဲ့ပြီး(၁၀း၃၀)အချိန်တွင်သင်တန်းသား(၃၀)ဦးနှင့် ဖွင့်ပွဲအခမ်းအနားကို (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါပြီး သင်တန်းသားများနှင့်အတူမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_ sep 2019
-
ထိတွေ့မှုကြောင့် သေဆုံးပြည်သူတစ်ဦးအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စု၊ မြောက်ရွာကျေးရွာမှ လက်နက်ကျည်ထိမှန်မှုကြောင့် သေဆုံးသူ အဒူခေါ်ရိမ်(ဘ)အဒူရော်ရှိမ်အတွက် ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)ကျပ်အား ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၇.၉.၂၀၁၉) ရက်နေ့တွင် သေဆုံးသူ၏မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_sep2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးသင့်တစ်ဦးအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်တလင်းမြို့နယ်၊ တောင်ယာတောကျေးရွာအုပ်စု၊ တဲတန်းကလေးကျေးရွာ (၁၃.၉.၂၀၁၉)ရက်နေ့က ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံး (၁)ဦးအတွက် (၁၇.၉.၂၀၁၉)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် ထောက်ပံ့ငွေ(၃၀၀၀၀ဝိ)ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူ၏ မိသားစုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_sep2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ဖားလက်ခိုအုပ်စု၊ညောင်ပင်စုကျေးရွာတွင်(၁၂-၉-၂၀၁၉)ရက်နေ့နှင့်(၁၃-၉-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသောအိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးရန်ပုံငွေ( ၃၇၈၀၀/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၃၇၈၀၀/-) ကျပ်ကို (၁၇-၉-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပွားရာဒေသသို့ ကွင်းဆင်းသွားရောက်၍ ကမ်းပြိုဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_sep 2019
-
မိုင်းထိဒဏ်ရာရလူနာများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၁၉)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ချုံးကျေးရွာအုပ်စု၊ နမ့်ဖြစ်ကျေးရွာနှင့် နမ့်ဆန်မြို့နယ်၊ နမ့်တွေကျေးရွာတို့ တွင် မိုင်းထိမှန်၍ ဒဏ်ရာရရှိသူ (၂)ဦးအတွက်(၁)ဦးလျှင် ထောက်ပံ့ငွေကျပ် (၅၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၀၀၀ဝိ/-)အား (၁၆-၉-၂၀၁၉)ရက်နေ့(၁၅း၀၀)နာရီအချိန် တွင် ခရိုင်ဆရာဝန်ကြီး၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများ လက်ဝယ် အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_sep2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ထိတွေ့ဒဏ်ရာရပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့နယ်၊ သင်္ဂနက်ကျေးရွာမှ လက်နက်ကြီးကျည်စ ထိမှန်၍ စစ်တွေပြည်သူ့ ဆေးရုံသို့ ဆေးကုသခံယူရန် ရောက်ရှိလာသည့် ဒဏ်ရာရ ပြည်သူ(၂) ဦးဖြစ်သည့် ဦးရွှေထွန်းသိန်း နှင့် ဒေါ်ခင်မာညိုတို့အတွက် တစ်ဦးလျှင် ဒဏ်ရာရ ထောက်ပံ့ငွေ (၅၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-) အား (၁၆.၉.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_sep2019 Source: ရခိုင်ပြည်နယ်ဥိးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ (ဖောင်ဆိပ်၊ တာငုတ်၊ငှက်ပျောတော)ကျေးရွာတို့တွင် (၁၆-၉-၂၀၁၉)နေ့ ကမ်းပြိုဘေးသင့် အိမ်ခြေ(၂၉)လုံး၊ ၎င်းအိမ်ထောင်စု (၂၉)စုရှိ လူဦးရေ (၉၀)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၉၀၀၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၈၉၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃၀၈၉၀၀ဝိ/-)ကျပ်ကို (၁၇-၉-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)









