လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ဖားလက်ခိုအုပ်စု၊ညောင်ပင်စုကျေးရွာတွင်(၁၂-၉-၂၀၁၉)ရက်နေ့နှင့်(၁၃-၉-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသောအိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးရန်ပုံငွေ( ၃၇၈၀၀/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၃၇၈၀၀/-) ကျပ်ကို (၁၇-၉-၂၀၁၉)ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပွားရာဒေသသို့ ကွင်းဆင်းသွားရောက်၍ ကမ်းပြိုဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_sep 2019