ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း

 

17_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီမှူးရုံးနှင့် လယ်ဝေးမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍(၁၇-၉-၂၀၁၉)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင်လယ်ဝေးမြို႕နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ သာယာစုကျေးရွာတွင် ရေဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီဝင်ဦးအေးမောင်စိန်၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း လယ်ဝေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်၊ အေလာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ ကျေးရွာသူ /ကျေးရွာသား(၂၀၀) ဦးခန့်တက်ရောက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#npw_sep2019

Source:         ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events