လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၁၉)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ချုံးကျေးရွာအုပ်စု၊ နမ့်ဖြစ်ကျေးရွာနှင့် နမ့်ဆန်မြို့နယ်၊ နမ့်တွေကျေးရွာတို့ တွင် မိုင်းထိမှန်၍ ဒဏ်ရာရရှိသူ (၂)ဦးအတွက်(၁)ဦးလျှင် ထောက်ပံ့ငွေကျပ် (၅၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၀၀၀ဝိ/-)အား (၁၆-၉-၂၀၁၉)ရက်နေ့(၁၅း၀၀)နာရီအချိန် တွင် ခရိုင်ဆရာဝန်ကြီး၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများ လက်ဝယ် အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#shn_sep2019
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)