လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား(၁၇-၉-၂၀၁၉)ရက်နေ့ (၀၉းဝဝ)နာရီတွင် အခမ်းအနားစတင်ခဲ့ရာ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခဲ့ပြီး(၁၀း၃၀)အချိန်တွင်သင်တန်းသား(၃၀)ဦးနှင့် ဖွင့်ပွဲအခမ်းအနားကို (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါပြီး သင်တန်းသားများနှင့်အတူမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပါကြောင်းသတင်းရရှိပါသည်။
Sourceး မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#kcn_ sep 2019