လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ (ဖောင်ဆိပ်၊ တာငုတ်၊ငှက်ပျောတော)ကျေးရွာတို့တွင် (၁၆-၉-၂၀၁၉)နေ့ ကမ်းပြိုဘေးသင့် အိမ်ခြေ(၂၉)လုံး၊ ၎င်းအိမ်ထောင်စု (၂၉)စုရှိ လူဦးရေ (၉၀)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၉၀၀၀၀ဝိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၈၉၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃၀၈၉၀၀ဝိ/-)ကျပ်ကို (၁၇-၉-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_sep2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)