Category Archives: News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ရေပေါ်လေးကျေးရွာ၌ (၂၁-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင် ပြိုကျအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၂,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၂၃-၉-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ကန်ရေကြီးကျေးရွာ၌ (၁၉-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၅,၀၀၀/-) ကျပ်၊ အဆိုပါ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁၂၆,၀၀၀/-) ကျပ်တို့အား (၂၀-၉-၂၀၁၉) … Read more
-
ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် (၂၂-၉-၂၀၁၉) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်း၊တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊ ကျေးလက်ကျန်းမာရေးဌာန၊ ဒေသခံပရဟိတလူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာ၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ပါသည်။ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရာတွင် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ တိကျသော ကြိုတင်သတိပေးချက်ရရှိပြီးနောက် သတင်း အတည်ပြုခြင်း၊ ပြန်လည်ဖြန့်ဝေခြင်း၊ ထိခိုက်ခံရလွယ်အုပ်စုများအား ယာယီခိုလှုံရာစခန်းတွင်ထားရှိ၍ ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း၊ လုံခြုံရေးစီမံဆောင်ရွက်ခြင်းများကို အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာနများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များအား ပြည်သူများသိရှိနိုင်စေရန် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၉) ရက်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံစုရပ် (၁၆) ခုရှိ အိမ်ထောင်စု (၈၁၈) စုမှ လူဦးရေ (၃၃၅၆) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၁၀၄၈) အိတ်၊ (၁၈) ပြည်တို့အား ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_sep2019
-
ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း သတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၃-၉-.၂၀၁၉)ရက်နေ့ မှ (၂၇-၉-၂၀၁၉)ရက်နေ့ ထိဖွင့်လှစ်သည့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းအား (၂၃-၉-.၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် သင်တန်းသားသင်တန်းသူ (၂၅)ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ရာ တိုင်း/ခရိုင်အဆင့်မှ ဌာနဆိုင်ရာများ အခြားဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_sep2019
-
ကော့သောင်းခရိုင်ဦးစီမှူးရုံး သိုလှောင်ရုံသို့ လက်ကျန်စာရင်းများ သွားရောက်ယူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၉.၂၀၁၉)ရက်နေ့ ကော့သောင်းခရိုင်ဦးစီမှူးရုံး သိုလှောင်ရုံတွင် မြေပြင်လက်ကျန်စာရင်းကောက်ယူမှုတင်ပြခြင်း၊ သိုလှောင်ထားရှိသော ကယ်ဆယ်ရေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများနှင့် အလှူပစ္စည်းများ၏ မြေပြင်လက်ကျန်စာရင်းကို သွားရောက်ယူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #tny_sep2019
-
School Cum Shelter များ တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဆားချက်ကျေးရွာအုပ်စု၊ ဆားချက်ကျေးရွာ၊ တာလူဖလောကျေးရွာတို့၌ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော Excellent Unity Co.Ltd ၏ School Cum Shelter များ (၅၀%) တည်ဆောက်ပြီးစီးမှုအခြေအနေမျာအးား လပွတ္တာမြို့နယ်၊ မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ (၂၁-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_sep2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၉) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ငပုတော မြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝ ဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ayy_sep2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအားလုံးအတွက် ကနဦး ထောက်ပံ့ငွေများပေးအပ်
စက်တင်ဘာ ၂၂၊ ပဲခူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအားလုံးအတွက် ကနဦးထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများအတွက် အစိုးရကချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီအောင် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူကြောင့်ဖြစ်သော ဘေး၊ သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်း များ၊ လူမှုရေးရာအဖြာဖြာနှင့် ဘေးအန္တရာယ်များကြောင့် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် … Read more
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ ရန်ကြီးအောင်ရပ်ကွက်၊ ချောင်းတောင်ကျေးရွာနှင့် တူးမြောင်းကျေးရွာတို့၌ (၉-၈-၂၀၁၉) ရက်နေ့နှင့် (၁၀-၈-၂၀၁၉)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၈၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄,၁၃၆,၀၀ဝ/-) ကျပ်တို့ကို (၂၂-၉-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာဘေးသင့်ဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့် အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_sep2019 Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









