လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ ရန်ကြီးအောင်ရပ်ကွက်၊ ချောင်းတောင်ကျေးရွာနှင့် တူးမြောင်းကျေးရွာတို့၌ (၉-၈-၂၀၁၉) ရက်နေ့နှင့် (၁၀-၈-၂၀၁၉)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၈၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄,၁၃၆,၀၀ဝ/-) ကျပ်တို့ကို (၂၂-၉-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာဘေးသင့်ဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့် အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#mon_sep2019
Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)