လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ကန်ရေကြီးကျေးရွာ၌ (၁၉-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၅,၀၀၀/-) ကျပ်၊ အဆိုပါ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁၂၆,၀၀၀/-) ကျပ်တို့အား (၂၀-၉-၂၀၁၉) ရက်နေ့တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်း ၍ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_sep2019