
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၉) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ငပုတော မြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝ ဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_sep2019