ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်မှုသတင်း

23 _ Pic _ 01 23 _ Pic _ 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် (၂၂-၉-၂၀၁၉) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်း၊တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊ ကျေးလက်ကျန်းမာရေးဌာန၊ ဒေသခံပရဟိတလူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာ၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ပါသည်။ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရာတွင် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ တိကျသော ကြိုတင်သတိပေးချက်ရရှိပြီးနောက် သတင်း အတည်ပြုခြင်း၊ ပြန်လည်ဖြန့်ဝေခြင်း၊ ထိခိုက်ခံရလွယ်အုပ်စုများအား ယာယီခိုလှုံရာစခန်းတွင်ထားရှိ၍ ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း၊ လုံခြုံရေးစီမံဆောင်ရွက်ခြင်းများကို အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာနများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များအား ပြည်သူများသိရှိနိုင်စေရန် အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သားစုစုပေါင်း အင်အား(၂၀၀) ဦးတက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#fld_simex
#bgo_sep2019

Sign Up

Upcoming Events