Category Archives: News
-
တောင်ကျချောင်းရေကျဆင်းမှုကြောင့်ရေမျောပါသေဆုံးသူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံမှတာဝန်ရှိသူများသည် တိန်ကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာ၌ (၁၇-၉-၂၀၁၉) ရက်နေ့တွင် တောင်ကျချောင်းရေကျဆင်းမှုကြောင့် ရေမျောပါသေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၄-၉-၂၀၁၉) ရက်နေ့တွင် မင်းကင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source:မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha _flf #sgg_sep2019
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၉)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ ချုံးကျေးရွာအုပ်စု၊ ချုံးကျေးရွာတွင် အိမ်ခေါင်မိုးသို့ လက်နက်ထိမှန်၍ ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ ငွေကျပ် (၅၀,၀၀၀)၊ လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၂၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၆၂,၆၀၀) ကျပ်နှင့် (၁၂၅၁၀) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ (၁)ပုံးအား (၂၃-၉-၂၀၁၉) ရက်နေ့တွင် ပြည်သူ များလက်ဝယ်အရောက် လွှဲပြောင်းထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr … Read more
-
ေလေဘးေထာက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်(၁၅)ရပ်ကွက် အောင်မေတ္တာ(၄)လမ်းတွင် (၂၂.၉.၂၀၁၉) ရက်နေ့တွင် လေးပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ အုန်းပင်ပြိုလဲခဲ့ရာ နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်၊ လူဦးရေ(၆)ဦးအတွက် (၁၂၆၀၀) ကျပ်တို့ကို (၂၃.၉.၂၀၁၉)ရက်ေန့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါေကြာင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_sep2019
-
သဘာဝဘေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၉.၂၀၁၉)ရက်နေ့တွင် ခရိုင်ပြန်/ဆက်၊ မြို့နယ်မီးသတ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ကော့ကရိတ်မြို့နယ်၊ သမိန်ဒွတ်ကျေးရွာ အထက(ခွဲ)ကျောင်း၊ ကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမ(၁၅၀)ဦး တို့အား ကော့ကရိတ်ခရိုင်(ဘစမ)မှ ရေဘေး၊ လေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးများအကြောင်း၊ ဘေးများမဖြစ်ပွားမီ/ ဖြစ်နေစဉ်/ ဖြစ်ပွားပြီး ရှောင်ရန်/ဆောင်ရန်များ ရှင်းလင်းပြောကြားခြင်း၊ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် ပတ်သတ်၍ ထောက်ပံ့နေမှုများအား ဟောပြောခြင်းများဖြင့်လည်ကောင်း၊ ခရိုင်ပြန်/ဆက်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူး များခြင်း၊ ကျောင်းသူ/သားများ အကျင့်စာရိတ္တကောင်းကျိုး၊ ဆိုးပြစ်များအကြောင်း … Read more
-
ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ နယ်မြေ (၂) တွင် (၂၂-၉-၂၀၁၉) ရက်နေ့ (၀၂း၃၀) အချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဇေယျသိမ်ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်း ပြိုကျခဲ့မှုကြောင့် ၎င်းဘုန်းတော်ကြီးကျောင်းအနီးရှိ ပြိုကျပျက်စီးအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၃) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) အုပ်စုတို့၌ (၂၀-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ်(၅၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅,၂၀၀,၀၀၀/-) ကျပ်၊ ပြိုလဲနေအိမ် (၅၂) လုံးနှင့် အမိုးလန်နေအိမ် (၁၃၃) လုံးတို့ရှိ လူဦးရေ (၈၄၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၇၆၆,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၉၆၆,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့နယ်၊ ဝက်ချီပါကျေးရွာအုပ်စု၊ရွာသာကျေးရွာတွင်(၂၀-၉-၂၀၁၉)ရက်နေ့(၁၄း၃၀)နာရီအချိန်၌လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ အမိုးလန်အိမ်ခြေ(၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၆၀၀၀၀/-)ကျပ်၊ လူဦးရေ (၅၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၁၅၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၂၅၅၀၀/-)ကျပ်တို့အား (၂၃-၉-၂၀၁၉) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Sourceး ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_sep 2019
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်း ချောင်းကျေးရွာ၌ (၂၁-၉-၂၀၁၉) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ် (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၀၀,၀၀၀/-) ကျပ်နှင့် အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၇၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၆၃,၈၀၀/-) ကျပ်တို့အား (၂၃-၉-၂၀၁၉) ရက်နေ့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၂း၃၀) နာရီအချိန်ထိ ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု၊ ငဲဆာလာတီကျေးရွာမှ ကျေးရွာသူ/သား (၆၀) ဦးခန့်နှင့် ကျေးရွာအုပ်စု အတွင်းရှိ အခြားသော ကျေးရွာများမှ ကိုယ်စားလှယ် (၂၅) ဦးခန့်၊စုစုပေါင်း (၈၅)ဦးခန့်တို့အား မိမိတို့ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးထောက်ပံ့မှုနှုန်းထားများအား ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ (ရေဘေး၊ မီးဘေး၊ လေပြင်းမုန်တိုင်းဘေးနှင့် ငလျင်ဘေး) အန္တရာယ်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား … Read more
-
မြေပြိုဘေးအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စု ကျောက်တန်းငယ်ကျေးရွာမှ မြေပြိုဘေးကြောင့် ပြိုလဲအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိူး(၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀၀/-)နှင့် လူဉီးရေ (၄)ဉီးအတွက် ဆန်ရိက္ခာဖိုးငွေ(၈,၄၀၀/-)ကျပ်တို့အား (၂၂-၉-၂၀၁၉)ရက်နေ့(၁၂း၀၀)နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha _lsd #tny_sep2019









