လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၉.၂၀၁၉)ရက်နေ့တွင် ခရိုင်ပြန်/ဆက်၊ မြို့နယ်မီးသတ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ကော့ကရိတ်မြို့နယ်၊ သမိန်ဒွတ်ကျေးရွာ အထက(ခွဲ)ကျောင်း၊ ကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမ(၁၅၀)ဦး တို့အား ကော့ကရိတ်ခရိုင်(ဘစမ)မှ ရေဘေး၊ လေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးများအကြောင်း၊ ဘေးများမဖြစ်ပွားမီ/ ဖြစ်နေစဉ်/ ဖြစ်ပွားပြီး ရှောင်ရန်/ဆောင်ရန်များ ရှင်းလင်းပြောကြားခြင်း၊ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် ပတ်သတ်၍ ထောက်ပံ့နေမှုများအား ဟောပြောခြင်းများဖြင့်လည်ကောင်း၊ ခရိုင်ပြန်/ဆက်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူး များခြင်း၊ ကျောင်းသူ/သားများ အကျင့်စာရိတ္တကောင်းကျိုး၊ ဆိုးပြစ်များအကြောင်း ဗဟုသုတများဖြင့် ရှင်းလင်းပြော ကြားခြင်း၊ ရည်ရွယ်ချက်ရည်မှန်းချက်များထားပြီး ကျောင်း၏အောင်ချက်ရာခိုင်းနှုန်းများ ကောင်းအောင်ကြိုးစား ကြရန် အားပေးပြောကြားခြင်းများဖြင့်လည်ကောင်း၊ မြို့နယ်မီးသတ်မှမီးဘေးအန္တရာယ်နှင့် ငလျင်ဘေးများ အကြောင်း ရှောင်ရန်/ဆောင်ရန် အသုံးပြုပုံများအား သရုပ်ပြခြင်းများဖြင့်လည်ကောင်း၊ မြို့နယ်စားသုံးသူရေးရာမှ အစားအသောက်နှင့်ပတ်သတ်၍ စားသုံးရန်သင့်/မသင့် ရှောင်ရန်၊ဆောင်ရန်များ အသိဗဟုသုတ ရစေရန် ပြောကြားခြင်းများဖြင့်လည်ကောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါေကြာင်း သတင်းရရှိပါသည်။
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_sep2019